IU က သူ့ရဲ့ ပွဲဦးထွက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပရိသတ်အမည်နဲ့ ဝမ်သန်း ၂ဝဝ (ဒေါ်လာ ၁၄၅,ဝဝဝ ခန့်) လှူဒါန်း

114

ရောင်နီ(NP News) - စက်တင်ဘာ ၁၉
တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော် တေးရေးဆရာ IU ဟာ သူမ အနုပညာလမ်းကြောင်းပေါ် ပွဲဦး ထွက်ခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပရိသတ် fandom အမည်နဲ့ အလှူပြုလုပ်ပေးခဲ့ပါတယ်။
စက်တင်ဘာလ ၁၈ ရက်က EDAM Entertainment မှ ဖော်ပြချက်အရ IU ဟာ သူမရဲ့ fandom UAENA နဲ့ ပေါင်းပြီး "IUENA" အမည်နဲ့ စုစုပေါင်း ဝမ် သန်း ၂၀၀ (ဒေါ်လာ ၁၄၅,၀၀၀) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ လှူဒါန်းမှုကို Korea Foundation for Persons with Disabilities, Make-A-Wish Korea, the Heart to Heart Foundation နဲ့ Korea Senior Citizens Support Foundation ကို အညီအမျှ ခွဲဝေပေးသွားမှာဖြစ်တဲ့အတွက် ဖောင်ဒေးရှင်းတစ်ခုစီဟာ ဝမ် သန်း ၅၀ (ဒေါ်လာ ၃၆,၀၀၀ ခန့်) ရရှိမယ်လို့ သိရပါတယ်။ အလှူငွေတွေဟာ ပြင်းထန်ဖျားနာ ခံစားနေရတဲ့ ကလေးတွေ၊ မသန်စွမ်းသူတွေ၊ တစ်ယောက်တည်း နေထိုင်နေရတဲ့ သက်ကြီးရွယ်အို တွေကို ပံ့ပိုးကူညီမှုပေးနိုင်မယ်လို့ ဆိုပါတယ်။ IU ဟာ သူမရဲ့ပွဲဦးထွက်နှစ်ပတ်လည်နေ့၊ မွေးနေ့နဲ့ အခြား အထူးအချိန်အခါတွေမှာလည်း IUENA အမည်နဲ့ အလှူငွေတွေ အမြဲမပြတ် လှူဒါန်းလေ့ ရှိပါတယ်။
ယခုနှစ်အစောပိုင်းမှာတင် သူမက ဂျောင်ဆန်ဒေသရှိ တောမီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကူညီဖို့နဲ့ မီးသတ်သမားတွေအတွက် ဝမ်သန်း ၂ဝဝ၊ မေလကလည်း ကလေးများနေ့အထိမ်းအမှတ်အဖြစ် KRW သန်း ၁၅ဝ၊ အဲဒီနောက် ဆင်းရဲနွမ်းပါး အသိုင်းအဝန်းတွေကို ကူညီဖို့အတွက် နောက်ထပ် ဝမ် သန်း ၂ဝဝ ကို လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။

Zawgyi Version:
IU က သူ႔ရဲ႕ ပြဲဦးထြက္ ႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္ ပရိသတ္အမည္နဲ႔ ဝမ္သန္း ၂ဝဝ (ေဒၚလာ ၁၄၅,ဝဝဝ ခန႔္) လႉဒါန္း
ေရာင္နီ(NP News) - စက္တင္ဘာ ၁၉
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္၊ အဆိုေတာ္ ေတးေရးဆရာ IU ဟာ သူမ အႏုပညာလမ္းေၾကာင္းေပၚ ပြဲဦး ထြက္ခဲ့တဲ့ ႏွစ္ပတ္လည္ေန႔မွာ ပရိသတ္ fandom အမည္နဲ႔ အလႉျပဳလုပ္ေပးခဲ့ပါတယ္။
စက္တင္ဘာလ ၁၈ ရက္က EDAM Entertainment မွ ေဖာ္ျပခ်က္အရ IU ဟာ သူမရဲ႕ fandom UAENA နဲ႔ ေပါင္းၿပီး "IUENA" အမည္နဲ႔ စုစုေပါင္း ဝမ္ သန္း ၂၀၀ (ေဒၚလာ ၁၄၅,၀၀၀) လႉဒါန္းခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ လႉဒါန္းမႈကို Korea Foundation for Persons with Disabilities, Make-A-Wish Korea, the Heart to Heart Foundation နဲ႔ Korea Senior Citizens Support Foundation ကို အညီအမွ် ခြဲေဝေပးသြားမွာျဖစ္တဲ့အတြက္ ေဖာင္ေဒးရွင္းတစ္ခုစီဟာ ဝမ္ သန္း ၅၀ (ေဒၚလာ ၃၆,၀၀၀ ခန႔္) ရရွိမယ္လို႔ သိရပါတယ္။ အလႉေငြေတြဟာ ျပင္းထန္ဖ်ားနာ ခံစားေနရတဲ့ ကေလးေတြ၊ မသန္စြမ္းသူေတြ၊ တစ္ေယာက္တည္း ေနထိုင္ေနရတဲ့ သက္ႀကီး႐ြယ္အို ေတြကို ပံ့ပိုးကူညီမႈေပးႏိုင္မယ္လို႔ ဆိုပါတယ္။ IU ဟာ သူမရဲ႕ပြဲဦးထြက္ႏွစ္ပတ္လည္ေန႔၊ ေမြးေန႔နဲ႔ အျခား အထူးအခ်ိန္အခါေတြမွာလည္း IUENA အမည္နဲ႔ အလႉေငြေတြ အၿမဲမျပတ္ လႉဒါန္းေလ့ ရွိပါတယ္။
ယခုႏွစ္အေစာပိုင္းမွာတင္ သူမက ေဂ်ာင္ဆန္ေဒသရွိ ေတာမီးျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို ကူညီဖို႔နဲ႔ မီးသတ္သမားေတြအတြက္ ဝမ္သန္း ၂ဝဝ၊ ေမလကလည္း ကေလးမ်ားေန႔အထိမ္းအမွတ္အျဖစ္ KRW သန္း ၁၅ဝ၊ အဲဒီေနာက္ ဆင္းရဲႏြမ္းပါး အသိုင္းအဝန္းေတြကို ကူညီဖို႔အတြက္ ေနာက္ထပ္ ဝမ္ သန္း ၂ဝဝ ကို လႉဒါန္းခဲ့ေသးတယ္လို႔ သိရပါတယ္။