MUFL (တရုတ်ဘာသာဌာန) တွင် အငြိမ်းစားများကို ကျွမ်းကျင်ပညာရှင်၊ အချိန်ပိုင်ဝန်ထမ်းများအဖြစ် ပြန်လည်ခန့်ထားနိုင်ဟုဆို

 484

ဟိန်း (NP News) - ဇွန် ၃
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်(MUFL)၊ တရုတ်ဘာသာဌာနတွင် ယခင်နိုင်ငံတော် တာဝန်ထမ်းဆောင်ဖူးသူ(အငြိမ်းစား)များကို ကျွမ်းကျင်ပညာရှင်၊ အချိန်ပိုင်းဝန်ထမ်းများအဖြစ် ပြန်လည်ခန့်ထားနိုင်ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂ ရက်နေ့တွင်ပြောသည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ တရုတ်ဘာသာဌာနတွင် ပါမောက္ခတစ်ဦး၊ တွဲဖက်ပါမောက္ခ သုံးဦး နှင့် ကထိကခြောက်ဦး စုစုပေါင်း ၁ဝ ဦးရှိသည့်အနက် ပညာသင်နှစ်ဦးသွားနေခြင်းကြောင့် လက်ရှိတွင် ၈ဦးတာဝန်ထမ်းဆောင်နေကြောင်း ၎င်းကပြောသည်။

“ယခင်နိုင်ငံတော် တာဝန်ထမ်းဆောင်ဖူးသူ (အငြိမ်းစား)များကို ကျွမ်းကျင်ပညာရှင်အဖြစ် လစာနှုန်း ၂၇၅ဝဝဝ ကျပ်နှုန်းဖြင့် ခန့်ထားနိုင်ပါတယ်။ အချိန်ပိုင်း ပါမောက္ခတစ်ချိန်လျှင် ၅ဝဝဝ ကျပ်နှုန်း၊ တွဲ ဖက်ပါမောက္ခ တစ်ချိန်လျှင် ၄ဝဝဝ ကျပ်နှုန်း၊ ကထိက တစ်ချိန်လျှင် ၃ဝဝဝ ကျပ်နှုန်းဖြင့် ခန့်ထားနိုင်ပါ တယ်” ဟု နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်/

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲ့၏ မေလ ၂ဝ ရက်ကကျင်းပခဲ့သည့် ကြားဖြတ်အစည်းအဝေးဆုံးဖြတ်ချက်အရ မေလ ၂၂ ရက်မှစ၍ တရုတ်ဘာသာဌာနရှိ ပါမောက္ခတစ်ဦး၊ တွဲဖက်ပါမောက္ခတစ်ဦး၊ ကထိက သုံးဦး နှင့် လက်ထောက်ကထိက သုံးဦးတို့ကို နိုင်ငံ့ဝန်ထမ်းဥပဒေ၏ ပုဒ်မ ၅၃၊ ပုဒ်မခွဲ(ဇ)အရ ရာထူးမှထုတ်ပယ်ခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.