ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ် ၁၂ခုတွင် ယာယီဓာတ်အားပြတ်တောက်မည်
1127
NP News - ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီးရှိ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ နှင့် စက်မှုဇုန်များတွင် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃ဝကေဗွီ ဓာတ်အားလိုင်းအချို့ကို ပြောင်းလဲချိတ်ဆက်ခြင်းအား မြောင်းတကာဓာတ်အားခွဲရုံတွင် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။
အဆိုပါလုပ်ငန်းကို အဆင့်နှစ်ဆင့်ခွဲကာ ဓာတ်အားပိတ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ ပထမအဆင့်အနေဖြင့် ဇွန်လ ၅ ရက်နေ့တွင် ဝဝးဝဝနာရီမှ နံနက်၆နာရီအထိဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ၂၃ဝကေဗွီ မြောင်းတကာ-ကမာနတ် ဓာတ် အားလိုင်းကို နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း၊ ၂၃ဝကေဗွီ ရွှေတောင်- လှော်ကားဓာတ်အားလိုင်း နှင့် ရွှေတောင်-မြောင်းတကာဓာတ်အားလိုင်းကို ဇွန်လ ၁၂ ရက် နံနက် ၆ နာရီမှ ဇွန်လ ၁၃ ရက် ညနေ ၆ နာရီအထိ လည်းကောင်း အသီးသီးဓာတ်အားပိတ်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေလင်ပန်း၊ မှော်ဘီ၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ရွှေပြည်သာ၊ တိုက်ကြီး၊ ဥက္ကံ၊ အေးရွာ၊ ကော့မှူး၊ ဒလ နှင့် တွံ့တေးမြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ် ကြောင်း သိရသည်။
#NPNews