ဖေ့စ်ဘွတ်ခ်က အမေရိကန် သမ္မတဟောင်း ထရန့်၏ အကောင့်များကို ၂ နှစ် ပိတ်သိမ်း

 540

ရောင်နီ ( NP News ) - ဇွန် ၅

ဖေ့စ်ဘွတ်ခ်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အမေရိကန်ပါလီမန်အဆောက်အအုံတွင် ၎င်း၏ ထောက်ခံသူများ သေစေနိုင်လောက်သည့် တိုက်ခိုက်မှုများ ပြုလုပ်ကာ စည်းမျဉ်းများ ဖောက်ဖျက်ခြင်းအတွက် အများဆုံးပြစ်ဒဏ်ချမှတ်ထိုက်ကြောင်း ဇွန် ၄ ရက်ကပြောကြားခဲ့သည်။

ထို့အတွက်Facebook ၏ လွတ်လပ်သော ကြီးကြပ်ရေးဘုတ်အဖွဲ့သည်
Trump ၏ ဆိုရှယ်မီဒီယာကို ပိတ်ဆို့ရန်ပြီးခဲ့သည့် မေလက သဘောတူ ထောက်ခံခဲ့ကြသည်။

"မစ္စတာထရန့်ကို သမ္မတရာထူးမှ ရပ်ဆိုင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေ ပြင်းထန်မှုတွေကို ကြည့်ခြင်းအားဖြင့် ၎င်းရဲ့လုပ်ရပ်တွေဟာ ပြဌာန်းချက်တွေအနက် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်တဲ့ စည်းမျည်းတွေကို ချိုးဖောက်ကျူးလွန်တာ ဖြစ်တယ်"ဟုညဖေ့စ်ဘွတ်ခ်ကမ္ဘာ့ရေးရာဒုတိယဥက္ကဋ္ဌ Nick Clegg ကပြောသည်။

လူမှုကွန်ရက်တွင် လိမ်ညာရေးသားခြင်း (သို့မဟုတ် ) ကြမ်းတမ်းသော စကားစုများ ရေးသားခြင်းများကို နိုင်ငံရေးသမားများ၏ မှတ်ချက်များအပေါ် အခြေခံပြီး လုံးဝကင်းလွတ်ခွင့် ပေးတော့မည်မဟုတ်ကြောင်းဖေ့စ်ဘွတ်က ပြောသည်။

" ဒီဆင်ဆာဖြတ်တောက်မှုကို ခွင့်မပြုသင့်ဘူး၊ နောက်ဆုံးမှာ ကျွန်တော်တို့နိုင်မှာပါ၊ နိုင်ငံမှာ ဒီအလွဲသုံးစားမှုကို နောက်တစ်ဖန် မပြုလုပ်သင့်တော့ဘူး" ဟုထရန့်က နိုဝင်ဘာလရွေးကောက်ပွဲတုန်းက ၎င်းဆီမှ မဲခိုးသည်ဟု စွပ်စွဲချက်များနှင့်အတူ ပြောကြားခဲ့သည်။

ဖေ့စ်ဘွတ်က ထရန့်ကို အမေရိကန် ပါလီမန်အဆောက်အဦးတွင် အဓိကရုဏ်း ဖြစ်ပွားစေခဲ့ကြောင်း စွပ်စွဲနေချိန်တွင်ပင် တွစ်တာကဲ့သို့ အခြားကမ္ဘာ့အကြီးဆုံးဆိုရှယ်ပလပ်ဖောင်းများက ထရန့်ကို အကောင့်ပိတ် ( Block ) ခဲ့သည်။ သို့သော် ဖေ့စ်ဘွတ်၏ ၂ နှစ်တာပိတ်ဆို့မှုပြီးသည့်နောက်တွင် ဘီလျံနာထရန့်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် စင်မြင့်ထက် ထပ်မံတွေ့ရှိနိုင်ပြီး ၂၀၂၄ သမ္မတရွေး ကောက်ပွဲတွင် ပြန်လည်ပါဝင်လာနိုင်ကြောင်းခန့်မှန်းထားကြသည်။

သို့သော်လည်း အတည်ပြုပြီးသော ရွေးကောက်ပွဲပြီးနောက် ရှုံးနိမ့်ခဲ့သည့် သမ္မတကို ပြန်လည်နေရာချထားရန်အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းချက် မရှိကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.