မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့်အပစ်ခံရသည့် သတင်းမှန်ကန်ပြီး နှစ်ဦးလုံး သေဆုံးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်
716
ရဲပြည့် (NP News ) - ဇွန် ၉
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၈ ရက်က ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်ဖြင့်အပစ်ခံရသည့် သတင်းမှန်ကန်ပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးလုံး သေဆုံးခဲ့ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဇွန်လ ၉ ရက်တွင် ပြောသည်။
ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ပုသိမ်ကြီးမြို့နယ်၊ ရဲကင်းတောင်ကျေးရွာတွင် ဆိုင်ကယ်ဖြင့်လုံခြုံရေးလှည့်နေစဉ် နေ့လည် ၁၂ နာရီခန့်၌ အောင်မင်္ဂလာဘုန်းကြီးကျောင်းရှေ့အရောက်တွင် 4 wheel Double Cub ခဲ ရောင်ယာဉ်တစ်စီးက အနောက်မှဝင်တိုက်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၇)ဦးခန့်က M-16 သေ နတ်များဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးသည် မန္တလေးဆေးရုံကြီးတွင် ညနေ (၄) နာရီခန့်က ရရှိခဲ့သည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထား သည်။
၎င်းတို့နှင့် ဆက်စပ်နေသည့် ပုသိမ်ကြီးမြို့နယ်၊ ရွေးစုကျေးရွာတွင် ဇွန်လ ၈ရက်နေ့ညက လက်နက်ခဲယမ်းများဝှက်ထားသည့် နေရာအားဖော်ထုတ်ရရှိခဲ့ပြီး လက်နက် ၂ဝ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
#NPNews