နိုင်ငံတည်ငြိမ်အေးချမ်းရန်အားလုံးတွင် တာဝန်ရှိဟု စစ်ကောင်စီပြော
688
NP News - ဇွန် ၉
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရန် အားလုံးတွင်တာဝန်ရှိသည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်သည်ဟု စစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၉ ရက်တွင်ပြောသည်။
ပြည်တွင်း၌ အခြေခံပညာစာသင်ကျောင်းများ၊ ဈေးများ၊ အစိုးရရုံးတည်ရှိရာ နေရာများနှင့် လူသွားလူလာများသောနေရာများတွင် ဗုံးပေါက်ကွဲမှုများ၊ မီးရှို့ဖျက်ဆီးခံရမှုများ၊ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီဘက်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းသည်။
“ပေါက်ကွဲမှုတွေ၊ အသတ်ခံရမှုတွေ မီးရှို့ဖျက်ဆီးခံရမှုတွေရှိနေတာလည်း မှန်ပါတယ်။ တပ်မတော်နဲ့ မြန်မာနိုင်ငံလုံခြုံရေးရဲတပ်ဖွဲ့က နေ့စဉ်လုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိတဲ့ သတင်းတွေကို တိတိ ကျကျ ပုံနဲ့တကွထုတ်ပြန်နေပါတယ်။ တည်ငြိမ်အေးချမ်းဖို့ဆိုတာ အားလုံးမှာတာဝန်ရှိပါတယ်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်ပေးဖို့ပြောလိုပါတယ်”ဟု၎င်းကပြောသည်။
စစ်ကောင်စီဘက်မှ NUG သည် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည်ဟုကြေညာခဲ့ပြီး NUG ဘက်မှလည်း စစ်တပ်သည် အကြမ်းဖက်အဖွဲ့ဖြစ်သည်ဟု အပြန်အလှန်ကြေညာထားကြသည်။ အာဆီယံအဖွဲ့အစည်းအပါအဝင် ပြည်ပနိုင်ငံကြီးများကလည်း မြန်မာနိုင်ငံ၏ပြည်တွင်းရေးအခြေအနေကိုစောင့်ကြည့်လျက်ရှိပြီး အာဆီယံဆုံးဖြတ်ချက်အရ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြကြောင်းသိရသည်။
#NPNews