KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ သဘောထားအတိုင်း လိုက်နာခံယူသွားမည်ဖြစ်ကြောင်း KNLA စစ်ဦးစီချုပ်ဗိုလ်ချုပ်ကြီး စောဂျော်နီ သဘောထားထုတ်ပြန်

 964

NP News - ဇွန် ၉

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ သဘောထားဖြစ်သည့် (NCA) မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံး သွားမည်ဖြစ်ကြောင်း KNLA စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဒီကနေ့ ဇွန်လ ၉ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးသဘောတူ စာချုပ် (NCA) မူဘောင်များအတိုင်း တိကျစွာလိုက်နာ ကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မေလ ၁၀ ရက်နေ့ကသဘောထားထုတ်ပြန်ခဲ့ြပီး ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေး ဦးဆောင်လမ်းညွှန်မှုကို အစဥ်ခံယူ လိုက်နာလျက် ဒီမိုကရေစီအရေး၊ တန်းတူရေးနှင့် ကရင်အမျိုးသားအရေးကို အစဥ်ဆောင်ရွက်ခဲ့ပြီး ယခုတွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သဘောတူလက်မှတ်ရေးထိုး ထားသည့် (NCA) မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံး သွားမည်ဖြစ်ကြောင်းနှင့် KNLA တပ်ဖွဲ့ဝင်များ အားလုံး အနေဖြင့်လည်း စစ်စည်းကမ်းများနှင့်အညီ တိကျစွာ လိုက်နာကြရန် KNLA စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက သဘောထားထုတ်ပြန်ခဲ့သည်။

KNU ၊ KNLA သည် ကရင်အမျိုးသားများ၏ လွတ်လပ်ရေး၊ တန်းတူရေး တို့အတွက် အသက်ပေးတိုက်ပွဲဝင် လျက်ရှိကြောင်းနှင့် မြန်မာ့သမိုင်းစဥ် တစ်လျောက်လုံးတွင်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အရေးပါသော အဓိကနေရာတွင် ပါဝင်ခဲ့သည့် ကရင်တပ်မတော် ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.