အကြမ်းဖက်ဖောက်ခွဲရေးတရားခံနှင့်တရားမဝင်လက်နက်ကိုင်ဆောင်သူအပါအဝင် တရားခံ ၆ဝဝကျော် ဖမ်းဆီးထား
1356
ဂျန်ဇက် (NP News)- ဇွန် ၁၁
အကြမ်းဖက်ဖောက်ခွဲရေးတရားခံ နှင့် တရားမဝင်လက်နက်ကိုင်ဆောင်သူအပါအဝင် တရားခံ ၆၃၈ဦးကို စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားကြောင်း bernama သတင်းဖော်ပြချက်အရသိရသည်။
အဆိုပါ တရားခံများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးတရားခံ ၂၇၂ ဦး၊ တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်သူ တရားခံ ၂၅၆ ဦး ၊ မီးရှို့သူအဖျက်သမားတရားခံ ၄၉ ဦး၊ လူသတ်မှုတရားခံ ၆၁ ဦးတို့ပါဝင်ကြောင်းသိရသည်။ ယင်းတို့ကို လက်နက်ငယ်အလက် ၅ဝ၊ ခဲယမ်းကျည်မျိုးစုံ ၂၅ဝ၂ တောင့်၊ လက် လုပ်သေနတ် ၉၁၄ လက်၊ လက်လုပ်မိုင်းနှင့် လက်လုပ်ဗုံး ၅၉၄၇ လုံးနှင့် ဆက်စပ်ပစ္စည်းမျးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော် ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လနောက်ပိုင်းကတည်းက အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ စာသင် ကျောင်းများတွင် ပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ နှင့် မီးရှို့မှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေ့စဉ်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများလည်းဖြစ်ပေါ်ခဲ့သည်။
#NPNews