မြန်မာရုပ်ရှင်ထုတ်လုပ်သူ မအိမ့်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းပေါင်း ၂ဝ တောင်းဆို

 1191

ဂျန်ဇက် (NP News)- ဇွန် ၁၂
နိုင်ငံတကာရုပ်ရှင်ပွဲတော်များနှင့် နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းများသည် ပြီးခဲ့သည့်သီတင်းပတ်က ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် ရုပ်ရှင်ထုတ်လုပ်သူ မအိမ့်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်းသိရသည်။

နယ်သာလန်အခြေစိုက်ရုပ်ရှင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Coalition for Filmmakers at Risk (ICFR) က "မအိမ့်ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်မိပါတယ်။ မအိမ့်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေထံတောင်းဆိုနေချိန်မှာ ကမ္ဘာတဝှမ်းက ရုပ်ရှင်အဖွဲ့အစည်းတွေဟာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်လာခဲ့တယ်"ဟု ပြောသည်။

နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းများဖြစ်သည့် ဘာလင်ရုပ်ရှင်ပွဲတော်၊ ကန်နက်စ်ရုပ်ရှင်ပွဲတော်၊ လိုကာနိုရုပ်ရှင်ပွဲ တော်၊ ရောတာဒန့်ရုပ်ရှင်ပွဲတော်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော် နှင့် ဥရောပဒါရိုက်တာအဖွဲ့အစည်း (FERA) တို့အပါအဝင် နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းပေါင်း၂ဝကျော်သည် မအိမ့်ကိုအမြန်ဆုံးပြန်လွှတ်ပေးရေး လက်မှတ်ရေးထိုး တောင်းဆိုနေကြောင်းသိရသည်။

နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် "မအိမ့်ကိုဘေးကင်းစွာနဲ့ထားရှိစေလိုတယ်။ မအိမ့်ကိုစွဲ ချက်တင်မယ်ဆိုရင်လည်း အဲဒီစွဲချက်ကို လူသိရှင်ကြားရှင်းရှင်းလင်းလင်းဖြစ်စေလိုတယ်" ဟု ရေးသားထားသည်။

မအိမ့်သည် ၂ဝ၂ဝခုနှစ်ကကျင်းပသည့် ဘူဆန်ရုပ်ရှင်ပွဲတော်တွင် ခြေလေးချောင်း Money Has Four Legs ကို စီ စဉ်ထုတ်လုပ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ရာချီးကျူးခံရသူဖြစ်ကြောင်းသိရသည်။ မအိမ့်သည် ဇွန်လ ၅ ရက်နေ့တွင်နေအိမ် ၌ဖမ်းဆီးထိန်းသိမ်းခံရပြီး သူမအား မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း၊ မည်သည့်စွဲချက်တင်ထားကြောင်း မိသားစုအနေဖြင့် မသိရသေးကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.