ချင်းပြည်နယ် ပညာရေးဦးစီးဌာနအတွက် ပေးပို့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ မီးရှိုခံရ

977

NPNews - ဇွန် ၁၃
အထက်မြန်မာပြည် ပုံနှိပ်စက်ရုံ (မန္တလေး) မှ ချင်းပြည်နယ်၊ ဟားခါးခရိုင်ပညာရေးဦးစီးဌာနအတွက် ပေးပို့လိုက်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ မီးရှိုခံရခဲ့သည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဇွန်လ ၁၃ ရက်တွင် ပြောသည်။
ဇွန်လ ပထမပတ်က ကျောင်းသုံးပုံနှိပ်စာအုပ် တစ်သိန်း နှစ်သောင်းကျော် (၁၂၇၇၉၇) တင်ဆောင် လာသည့် ကုန်တင်ယာဉ် ၂ စီးကို ရွာဗန်းကျေးရွာအနီး ဂန့်ဂေါ - ဟားခါး သွား ကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ အကြားတွင် လက်နက်ကိုင် အင်အားစုများက တားဆိးထိမ်းသိန်းခဲ့ပြီးနောက် ယာဉ်ပေါ်တင် ဆောင်လာသည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ကို ယာဉ်ပေါ်မှ ချထားခိုင်းကာ နောက်ကြောင်းသို့ ထွက်ခွာစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက် စစ်ဆေးရာ ယာဉ်ပေါ်မှ ပုံနှိပ်စာအုပ်ထုပ်များ ချထားခဲ့သည့်နေရာတွင် မီးရှိုဖျက်ဆီးခံထားရသည့် အခြေအနေကိုသာ တွေ့ခဲ့ရသည်ဟု သတင်း ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ကျောင်းသုံးပုံနှိပ်စာအုပ်များ မီးရှိုခံရခဲ့သည့်အတွက် ကျောင်းဖွင့်ရာသီအတွင်း ပညာတတ် မြောက်စေရေးအတွက် စီမံဆောင်ရွက်ပေးနေစဉ် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု ကြောင့် ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များအတွက် နစ်နာမှုဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ကမ္ဘာတစ် ဝှမ်းလုံးမှလည်း ယင်းလုပ်ရပ်အပေါ် လက်ခံမှု မရှိသည့်လုပ်ရပ်ဖြစ်သည်ဟု ယင်းတို့က ဖြေကြား ထားသည်။
#NPNews