အလှမယ်သူဇာဝင့်လွင်က တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေပွဲများမှရရှိသည့် အလှူငွေအားလုံးကို ကရင်စစ်ဘေးရှောင်များအတွက် လှူဒါန်းမည်

720

NP News - ဇွန် ၁၄
အလှမယ် သူဇာဝင့်လွင်သည် အမေရိကန်နိုင်ငံတွင်ပြုလုပ်ခဲ့ကြသည့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေပွဲများမှရရှိသော အလှူငွေများကို ကရင်ပြည်နယ်စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သူမ၏ လူမှုကွန်ရက်တွင်ရေးသားထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်ကလည်း Minnesota တွင်နေထိုင်သော မြန်မာလူငယ်များ ဦးဆောင်ပြုလုပ်သည့် တိုင်း ရင်းသားပေါင်းစုံ စုပေါင်းရန်ပုံငွေ (Youth for Myanmar) ပွဲကို အလှမယ်သူဇင်ဝင့်လွင် တက်ရောက်ခဲ့ပြီး အဆိုပါပွဲတွင် သူမကိုယ်တိုင် ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ သောက်ရေသန့်အခက်အခဲများဖြေရှင်းနိုင်စေရန် Water Filter အတွက် အလှူငွေကျပ် ၁ဝသိန်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှမယ်သူဇာဝင့်လွင်က သူမအနေဖြင့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ လူအား၊ ငွေအား အားဖြည့်ကူညီခွင့်ရသည့်အပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကူညီဖေးမမှုများကြောင့် ဝမ်းသာရကြောင်း နှင့် မြန်မာပြည်သူအနေဖြင့်လည်း ကျန်းမာရေးဂရုစိုက်ကြရန်လိုအပ်ပြီး အားတင်ထားရန်လိုအပ်ကြောင်း အားပေးစကာပြောခဲ့သည်။
သူမသည် အမေရိကန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများပြုလုပ်သော ရန်ပုံငွေပွဲများကိုသာ တက်ခြင်းမဟုတ်ဘဲ ပြည်ပရောက် ကရင် ၊ ကယား စသည့် တိုင်းရင်းသားလူငယ်များပြုလုပ်သည့် စုပေါင်းရန်ပုံငွေရှာဖွေပွဲများကိုလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။
#NPNews