ကလေးငယ်များအတွက် ဝမ်သန်း(၁၀ဝ)လှူဒါန်းပေးခဲ့သည့် BTS အဖွဲ့ဝင် ဂျင်

 96

Pika (NP News) - မေ ၁၁

တောင်ကိုရီးယား နာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူဂျင် သည် ကလေးငယ်များအတွက် ဝမ်သန်း(၁၀ဝ)လှူဒါန်းခြင်းဖြင့် ၎င်း၏ကြင်နာမှုများကို ထပ်မံပြသခဲ့ ကြောင်းသိရသည်။ Seoul Asan Medical Center က “ကလေးငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂျင် ဟာ ကျွန်တော်တို့ဆေးရုံမှာရှိတဲ့ ကလေးတွေ အတွက် ဝမ်သန်း(၁၀ဝ)ကို လှူဒါန်းပေးခဲ့ပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဂျင်က “ကလေးငယ်တွေ ဖျားနာနေတာကို မြင်တွေ့ရတဲ့အချိန်တိုင်း ကျွန်တော်တကယ်ပဲစိတ် မကောင်းဖြစ်မိပါတယ်။ ကလေးငယ်တွေ မြန်မြန်ပြန်ကောင်းလာပြီး ပျော်ပျော်ရွှင်ရွှင်ပြန်ကစားနိုင်ဖို့အတွက် ဒီသေးငယ်တဲ့ အလှူလေးတစ်ခုကို လုပ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ဂျင်၏ လှူဒါန်း မှုကို ကလေးအထူးကုနှင့် ဆယ်ကျော်သက်လူနာများအတွက် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများနှင့် အထောက် အကူပြုပစ္စည်းများ တိုးတက်စေရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျင်သည် ၎င်း၏တစ်ကိုယ်တော်ဖျော်ဖြေပွဲ မလုပ်ဆောင်မီ ယခုလိုလှူဒါန်းမှုကို လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ဂျင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တောင်ကိုရီးယားနိုင်ငံတွင် စတင်လုပ် ဆောင်မည်ဖြစ်ပြီး ဂျပန်တွင် Chiba နှင့် Osaka ၊ အမေရိကန်နိုင်ငံတွင် Anaheim ၊ Dallas၊ Tampa နှင့် Newark၊ ဗြိတိန်တွင် လန်ဒန်နှင့် နယ်သာလန်နိုင်ငံတွင် အမ်စတာဒမ်မြို့အထိ ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ကေလးငယ္မ်ားအတြက္ ဝမ္သန္း(၁၀ဝ)လႉဒါန္းေပးခဲ့သည့္ BTS အဖြဲ႕ဝင္ ဂ်င္
Pika (NP News) - ေမ ၁၁

ေတာင္ကိုရီးယား နာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူဂ်င္ သည္ ကေလးငယ္မ်ားအတြက္ ဝမ္သန္း(၁၀ဝ)လႉဒါန္းျခင္းျဖင့္ ၎၏ၾကင္နာမႈမ်ားကို ထပ္မံျပသခဲ့ ေၾကာင္းသိရသည္။ Seoul Asan Medical Center က “ကေလးငယ္မ်ားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဂ်င္ ဟာ ကြၽန္ေတာ္တို႔ေဆး႐ုံမွာရွိတဲ့ ကေလးေတြ အတြက္ ဝမ္သန္း(၁၀ဝ)ကို လႉဒါန္းေပးခဲ့ပါတယ္” ဟု ထုတ္ျပန္ေၾကညာခဲ့သည္။
ဂ်င္က “ကေလးငယ္ေတြ ဖ်ားနာေနတာကို ျမင္ေတြ႕ရတဲ့အခ်ိန္တိုင္း ကြၽန္ေတာ္တကယ္ပဲစိတ္ မေကာင္းျဖစ္မိပါတယ္။ ကေလးငယ္ေတြ ျမန္ျမန္ျပန္ေကာင္းလာၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျပန္ကစားႏိုင္ဖို႔အတြက္ ဒီေသးငယ္တဲ့ အလႉေလးတစ္ခုကို လုပ္ဖို႔ကြၽန္ေတာ္ဆုံးျဖတ္ခဲ့ပါတယ္” ဟု ေျပာခဲ့သည္။ ထို႔ျပင္ ဂ်င္၏ လႉဒါန္း မႈကို ကေလးအထူးကုႏွင့္ ဆယ္ေက်ာ္သက္လူနာမ်ားအတြက္ ေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈမ်ားႏွင့္ အေထာက္ အကူျပဳပစၥည္းမ်ား တိုးတက္ေစရန္အတြက္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဂ်င္သည္ ၎၏တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ မလုပ္ေဆာင္မီ ယခုလိုလႉဒါန္းမႈကို လုပ္ေဆာင္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်င္၏ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို ေတာင္ကိုရီးယားႏိုင္ငံတြင္ စတင္လုပ္ ေဆာင္မည္ျဖစ္ၿပီး ဂ်ပန္တြင္ Chiba ႏွင့္ Osaka ၊ အေမရိကန္ႏိုင္ငံတြင္ Anaheim ၊ Dallas၊ Tampa ႏွင့္ Newark၊ ၿဗိတိန္တြင္ လန္ဒန္ႏွင့္ နယ္သာလန္ႏိုင္ငံတြင္ အမ္စတာဒမ္ၿမိဳ႕အထိ ဆက္လက္က်င္းပသြား မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.