လူစုလူဝေးပွဲကြီးတွင် နှာခေါင်းစည်းမတပ်သဖြင့် ဘရာဇီးသမ္မတဒဏ်ရိုက်ခံရ

 526

ဝတီ (NP News) - ဇွန် ၁၄
ထောက်ခံသူပေါင်း တစ်သောင်းကျော်နှင့် တွေ့ဆုံရာတွင် နှာခေါင်းစည်းမတပ်သဖြင့် ဆော်ပေါ်လိုပြည်နယ် အာ ဏာပိုင်အဖွဲ့က ဘရာဇီးသမ္မတ Jair Bolsonaro ကို ဒဏ်ငွေရိုက်လိုက်ကြောင်း ဇွန်လ ၁၃ ရက် သတင်းအရ သိရသည်။

ဇွန်လ ၁၂ ရက် လူစုလူဝေးပွဲကြီးတွင် ကိုဗစ်စည်းမျဉ်း ချိုးဖောက်သဖြင့် ဒေါ်လာ ၁၁ဝ ခန့်စီ ဒဏ်ရိုက်ခံရသူများထဲတွင် သမ္မတ၊ ဝန်ကြီးသုံးဦးနှင့်ဒုဝန်ကြီးခြောက်ဦးလည်း ပါဝင်ကြောင်းသိရသည်။ သမ္မတက ၎င်းကို ထောက်ခံသူ စက်ဘီးသမားနှင့်အတူ စက်ဘီးစီးပြီးနောက် ကားခေါင်မိုးတစ်ခုပေါ် တက်ကာမိန့်ခွန်းပြောခဲ့စဉ် လက်ရှိချမှတ်ထားသည့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမည်ဆိုသည့် စည်းမျဉ်းသည် တင်းကျပ်လွန်းလှကြောင်း ၎င်းက နှာခေါင်းစည်းမတပ်ဘဲပြောကာ ယင်းစည်းမျဉ်းကို ပြစ် တင်ရှုတ်ချသွားခဲ့သည်။ ကိုဗစ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူများ သို့မဟုတ် ကိုဗစ်ကာကွယ်ဆေး ထိုးထားသူများသည် လူအများနှင့်တွေ့ဆုံရာတွင် နှာခေါင်းစည်းတပ်စရာမလိုကြောင်း ၎င်းကပြောသွားသေးသည်။

“ ဒီလိုမှ မဟုတ်ဘူးဘဲ ဘယ်သူဖြစ်ဖြစ် နှာခေါင်းစည်းတပ်ကို တပ်ရမည်ဆိုတဲ့လူတွေကတော့ သိပ္ပံပညာကို မယုံတဲ့လူတွေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးထိုးပြီးသားလူတွေလေ။ ပိုးဘယ်လိုကူးနိုင်တော့မှာလဲ။ အဲဒါကို နှာခေါင်းစည်းတပ်ရမယ် ဆိုတာကတော့ဟုတ်ကိုမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

၎င်း၏ အထက်ပါပြောကြားချက်သည် အငြင်းပွားစရာဖြစ်နေပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှုကို အပြည့်အဝကာကွယ်နိုင်သည်ဟု ကမ္ဘာတစ်လွှားမှ ကျန်းမာရေးအာဏာပိုင်များ သေသေချာချာ၊ အပ်ချမတ်ချမပြောနိုင်သေးပေ။ ကာကွယ်ဆေးကြောင့် ဗိုင်းရပ်စ်ပြင်းအား လျော့သွားနိုင်သော်လည်း ကိုဗစ်ကူးစက်မှုကို ကာ ကွယ်ဆေးက အပြည့်အဝဟန့်တားနိုင်၊ မဟန့်တားနိုင်ကိုမူ ရှင်းလင် ပြတ်သားစွာ မသိရဟု ကာကွယ်ဆေးကိုလေ့လာသည့် လေ့လာချက်များကဆိုသည်။ ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးပြီးထားသူများသည်လည်း ပတ် ဝန်းကျင်တွင် ရောဂါကူးစက်ပျံ့ပွားမှု ဆက်ရှိနေသေး သရွေ့ ရောဂါပိုးကူးစက်ခံရနိုင်ချေ အနည်းငယ်ရှိနေသေးသည်ဟု အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ပြောသည်။
#NPNews

Related news

© 2021. All rights reserved.