ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ ဖြစ်လာခဲ့သည့် အသက်(၁၁၅)နှစ်အရွယ် ဗြိတိန်အမျိုးသမီး

 323

Pika (NP News) - မေ ၁၂

ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးသက်ရှိ ထင်ရှားရှိသူမှာ ဗြိတိန်နိုင်ငံတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးဖြစ် ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က အတည်ပြုခဲ့သည်။ ဗြိတိန်နိုင်ငံတွင် နေထိုင်သည့် အသက်(၁၁၅)နှစ် အရွယ် Ethel Caterham သည် ယခုသီတင်းပတ်အတွင်း ကမ္ဘာပေါ်တွင် အသက် အကြီးဆုံးသက်ရှိထင်ရှားရှိသူ အဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိထင်ရှား ရှိသူအဖြစ် သတ်မှတ်ခံရချိန်တွင် Ethel Caterham သည် အသက် (၁၁၅) နှစ် နှင့် (၂၅၂)ရက်ရှိပြီဖြစ်ပြီး အဆိုပါဂင်းနစ်စံချိန်ကိုကိုင်ဆောင်ထားသူ Inah Canabarro Lucas ထံမှစံချိန်ကို ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် Ethel Caterham သည် ဗြိတိန်နိုင်ငံက မှတ်တမ်းတင်ဖူးသမျှထဲတွင် အသက် အကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိရသည်။
ဘရာဇီးသီလရှင်တစ်ဦးဖြစ်သော Inah Canabarro Lucas သည် အသက်(၁၁၆)နှစ် အရွယ်ဖြင့် ကွယ်လွန်သွား ခဲ့ပြီးနောက် Ethel Caterham က ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိထင် ရှားရှိသူအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ Inah Canabarro Lucas သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သော Tomiko Itooka ကွယ်လွန်သွားခဲ့ပြီးနောက် ကမ္ဘာ့အသက် အကြီးဆုံး သက်ရှိထင်ရှားရှိသူအဖြစ် ဂင်းနစ်စံချိန်ကို ရယူခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် Inah Canabarro Lucas ကွယ်လွန်သွားခဲ့ပြီးနောက် Ethel Caterham ၏ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူအဖြစ် တရားဝင်အတည်ပြုချက် များထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
ကမာၻ႔အသက္အႀကီးဆုံး သက္ရွိထင္ရွားရွိသူ ျဖစ္လာခဲ့သည့္ အသက္(၁၁၅)ႏွစ္အ႐ြယ္ ၿဗိတိန္အမ်ိဳးသမီး
Pika (NP News) - ေမ ၁၂

ကမာၻေပၚတြင္ အသက္အႀကီးဆုံးသက္ရွိ ထင္ရွားရွိသူမွာ ၿဗိတိန္ႏိုင္ငံတြင္ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးျဖစ္ ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က အတည္ျပဳခဲ့သည္။ ၿဗိတိန္ႏိုင္ငံတြင္ ေနထိုင္သည့္ အသက္(၁၁၅)ႏွစ္ အ႐ြယ္ Ethel Caterham သည္ ယခုသီတင္းပတ္အတြင္း ကမာၻေပၚတြင္ အသက္ အႀကီးဆုံးသက္ရွိထင္ရွားရွိသူ အျဖစ္ သတ္မွတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ကမာၻ႔အသက္အႀကီးဆုံးသက္ရွိထင္ရွား ရွိသူအျဖစ္ သတ္မွတ္ခံရခ်ိန္တြင္ Ethel Caterham သည္ အသက္ (၁၁၅) ႏွစ္ ႏွင့္ (၂၅၂)ရက္ရွိၿပီျဖစ္ၿပီး အဆိုပါဂင္းနစ္စံခ်ိန္ကိုကိုင္ေဆာင္ထားသူ Inah Canabarro Lucas ထံမွစံခ်ိန္ကို ရယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ Ethel Caterham သည္ ၿဗိတိန္ႏိုင္ငံက မွတ္တမ္းတင္ဖူးသမွ်ထဲတြင္ အသက္ အႀကီးဆုံးပုဂၢိဳလ္တစ္ဦးျဖစ္ေၾကာင္း သိရသည္။
ဘရာဇီးသီလရွင္တစ္ဦးျဖစ္ေသာ Inah Canabarro Lucas သည္ အသက္(၁၁၆)ႏွစ္ အ႐ြယ္ျဖင့္ ကြယ္လြန္သြား ခဲ့ၿပီးေနာက္ Ethel Caterham က ကမာၻ႔အသက္အႀကီးဆုံးသက္ရွိထင္ ရွားရွိသူအျဖစ္ သတ္မွတ္ခံခဲ့ရျခင္း ျဖစ္သည္။ Inah Canabarro Lucas သည္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ဂ်ပန္အမ်ိဳးသမီးတစ္ဦးျဖစ္ေသာ Tomiko Itooka ကြယ္လြန္သြားခဲ့ၿပီးေနာက္ ကမာၻ႔အသက္ အႀကီးဆုံး သက္ရွိထင္ရွားရွိသူအျဖစ္ ဂင္းနစ္စံခ်ိန္ကို ရယူခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ Inah Canabarro Lucas ကြယ္လြန္သြားခဲ့ၿပီးေနာက္ Ethel Caterham ၏ ကမာၻ႔အသက္အႀကီးဆုံး သက္ရွိထင္ရွားရွိသူအျဖစ္ တရားဝင္အတည္ျပဳခ်က္ မ်ားထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.