ကိုဗစ်တတိယလှိုင်း ရန်ကုန်၌ စိုးရိမ်စရာအခြေအနေအဖြစ် ပိုးတွေ့လူနာ စတင်မြင့်မားလာနေပြီဟု ဒေါက်တာ ခင်ခင်ကြီး သတိပေး

 832

NP News - ဇွန် ၁၄

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၁၄ ရက် ည ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာ ၃၇၃ ဦး အနက် ရန်ကုန်တိုင်း၌ ၂၂၆ ဦးထိရှိလာပြီဖြစ်သည့်အတွက် စိုးရိမ်ရသည့်အနေအထားဖြစ်သဖြင့် အထူး ဂရုစိုက်ကြရန် လိုအပ်လာပြီဟု ဒေါက်တာ ခင်ခင်ကြီးက သတိပေးထားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းက ကိုဗစ်ပိုးတွေ့ရှိသူဦးရေသည် စစ်ကိုင်းတိုင်းကိုကျော်လွန်၍ ပထမနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝရက်က လှည်းကူးမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၁၁ ဦးရှိခဲ့ပြီး ပြည်သူများအနေဖြင့် စိုးရိမ်ခဲ့ကြသည်။ အဆိုပါပိုးတွေ့ရှိသူများသည် လှည်းကူးမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုက ကျောင်းသူ တစ်ဦး အနံ့ပျောက်ရာမှ ပိုးကူူးစက်ခံထားရကြောင်း စတင်သိရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆရာမတစ်ဦးသည် အောက်ဆီဂျင်အလွန်ကျခဲ့ပြီး ပိုးတွေ့ရှိသည့်နေ့တွင်ပင် သေဆုံးခဲ့ရပြီး နောက် ဆရာမတစ်ဦးတွင်လည်း ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိခဲ့ရသည်။ ၎င်းတို့အားလုံးသည် လှိုင်သာယာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၄၅၆ ဦးကို RDT ဖြင့် စစ်ဆေးခဲ့ရာ ၂၄၆ ဦးသည် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပိုးတွေ့မှု ရာခိုင်နှုန်းသည် ၅၂.၉ ထိရှိခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေပြီ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သည့် မေလပိုင်းမှ စတင်၍ ကိုဗစ်ပိုးတွေ့ရှိသူဦးရေ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းများဖြစ်သည့် Mask တပ်ခြင်း၊ လူအုပ်စုများရှောင်ြ ကဉ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေခွာနေထိုင်ခြင်း၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို ဆေးကြောခြင်း စသည့် ကိုဗစ်စည်းကမ်းများကို အထူးလိုက်နာကြရန် လိုအပ်သည်။

#NPNews

Related news

© 2021. All rights reserved.