ကနေဒါကုမ္ပဏီနှစ်ခုက ဖုန်းနှင့်ကွန်ပျူတာအတွင်းမှ အချက်လက်များအား ထုတ်ယူနိုင်စွမ်းရှိသည့် digital tool များကို မြန်မာအာဏာပိုင်များထံရောင်းချပေးထား

 685

ဂျန်ဇက် (NP News) - ဇွန် ၁၅
ကနေဒါကုမ္ပဏီနှစ်ခုသည် ဖုန်းများနှင့်ကွန်ပျူတာအတွင်း သတင်းအချက်အလက်များကို ရွေးထုတ်ရာတွင် အသုံးပြုနိုင်သည့် Digital tool များကို မြန်မာအာဏာပိုင်များထံ ရောင်းချပေးခဲ့ကြောင်း theglobeandmail သတင်းဖော်ပြချက်အရသိရသည်။

ကနေဒါအခြေစိုက် ကုမ္ပဏီများဖြစ်သည့် Open Text နှင့် Magnet Forensics တို့က အဆိုပါပစ္စည်းများကို အာ ဏာသိမ်းမှုမဖြစ်ပွားခင်ကတည်းက မြန်မာအစိုးရထံရောင်းချခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီထံ ထပ်မံရောင်းချပေးခြင်းမျိုးမရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

Open Textကုမ္ပဏီ၏ ဆက်သွယ်ရေးဌာနအကြီးအကဲ ခရစ်ပလန်ကက်က "ကျွန်တော်တို့ကုမ္ပဏီဟာ ကနေဒါ အစိုးရချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အပြည့်အဝလိုက်နာပါတယ်။ အာဏာသိမ်းပြီးချိန်မှာ မြန်မာစစ်အစိုးရနဲ့ အဆက်အသွယ်အားလုံးဖြတ်လိုက်တယ်။ မြန်မာစစ်အစိုးရကို ကုမ္ပဏီက ထုတ်လုပ်တဲ့ပစ္စည်းတွေ ကူညီထောက်ပံ့ပေးတာမျိုးမရှိတော့ဘူး"ဟု ပြောသည်။

ဖျက်ဆီးလိုက်သည့် အချက်အလက်များအပါအဝင် digital device များမှသတင်းအချက်အလက်များကို လက်ခံရယူနိုင်သည့် အဆိုပါ Digital Tool များသည် အရပ်သားအစိုးရကို ဖြုတ်ချလိုက်သည့် စစ်ကောင်စီထံ ရှိနေဖွယ်ရှိကြောင်း၊ အဆိုပါပစ္စည်းများသည် စစ်ကောင်စီအား ဆန့်ကျင်သူများကို နှောက်ယှက်ရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်ဖွယ်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောသည်။

ကနေဒါကုမ္ပဏီဖြစ်သည့် Magnet Forensics ကုမ္ပဏီက Magnet AXIOM ၊ Magnet AXIOM Cloud နှင့် OpenText ကုမ္ပဏီက EnCase Forensic V8 ၊ EnCase Mobile Investigator တို့ကို ရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ အဆိုပါ Digital Tool များသည် ဖုန်းနှင့်ကွန်ပျူတာများအတွင်းမှ အချက်အလက်များအပြင် မက် ဆေ့များ၊ ဖျက်လိုက်သည့် အချက်အလက်များ၊ လျှို့ဝှက်နံပါတ် များ၊ လူမှုကွန်ရက်အကောင့်များ ပြန်ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.