နိုင်ငံပိုင်သတင်းစာများကို ရုံးတိုင်းတွင်မဖြစ်မနေယူရန် စစ်ကောင်စီက ညွှန်ကြားထားသည့်စာ လူမှုကွန်ရက်တွင်ပျံ့နှံ့နေ

 1406

ဇွဲပြည့် (NPNews) - ဇွန် ၁၅
နိုင်ငံပိုင် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံကို ရုံးတိုင်းတွင် မဖြစ်မနေယူရန် စစ်ကောင်စီက ညွှန်ကြားထားသည့် စာတစ်စောင် ဇွန်လ ၁၄ ရက် ရက်စွဲဖြင့် လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ သတင်းအမှန်သိစေရေးအတွက် အကြီးအကဲများအနေဖြင့် မိမိလက် အောက်ရှိ ခရိုင်၊ မြို့နယ်များရှိ ဝန်ထမ်းများအားလုံး နိုင်ငံတော်မှ တရားဝင်ဖြန့်နေသည့် ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာများကို မဖြစ်မနေဝယ်ယူရန် ရုံးတိုင်းတွင် စီစဉ်ရန်ဟု စာတွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီအနေဖြင့် မကြာသေးမီကလည်း ရောင်းအားကျဆင်းနေသည့် အောင်ဘာလေထီများကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် အစိုးရဌာနများတွင် ကံစမ်းလိုကကံစမ်းနိုင်ကြောင်း အသိပေးပြောခဲ့ခြင်းများလည်း ရှိခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.