ချင်းပြည်နယ်စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ အမြန်ဆုံးရောက်ရန် လိုအပ်ဟု UN OCHA မှ ထုတ်ပြန်

 395

NP News - ဇွန် ၁၅

ချင်းပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့် အခြားသောကူညီထောက်ပံ့မှုများ အမြန်ဆုံးရောက်ရှိရန် လိုအပ်နေပြီဖြစ်သည်ဟု UN OCHA Myanmar မှ သတိပေးထုတ်ပြန်ခဲ့သည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(CDF) တပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များကြား ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် ချင်းပြည်နယ် ထန်တလန်မြို့နေ ပြည်သူ ခန့်မှန်းခြေလူပေါင်း ၈၂ဝ ခန့်သည် နေအိမ်များကို စွန့်ခွာပြီး အနီးအနားရှိ တောတောင်များဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသဖြင့် စားနပ်ရိက္ခာများနှင့် ထောက်ပံ့ကူညီမှု များ လိုအပ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများကြာင့် လူပေါင်း ၁၈ဝဝဝ ခန့်သည် ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ထန်တလန် မြို့များနှင့် မကွေးတိုင်းဒေသကြီး ဆောမြို့ရှိ ယာယီစခန်း ၇၄ ခုတွင် နေထိုင်နေကြရသည်ဟု သိရ သည်။

ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ထန်တလန်မြို့နယ်များအပြင် နယ်နမိတ်ချင်း ဆက်စပ်လျက် ရှိသည့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်တစ်ချို့တွင် စစ်ကောင်စီတပ်များနှင့် CDF များသည် မေလ မှ စတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

UN COHA Myanmar က ၎င်းတို့အနေဖြင့် စစ်ဘေးသင့်ပြည်သူမျာအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လမ်းခရီးတွင် နှောင့်ယှက်ခံရမှုများရှိသဖြင့် နှောင့်နှေးကြန့်ကြာ မှုများရှိသည်ဟု ဆိုသည်။

၂ဝ၁၉ ခုနှစ် နှင့် ၂ဝ၂ဝ ဇန်နဝါရီ - နိုဝင်ဘာလတွင်းဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရခိုင်တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ လူဦးရေ ၉,၈၅ဝ ရှိပြီး ချင်းပြည်နယ် ပလက်ဝမြို့ရှိ ယာယီစခန်း ၂၇ ခုတွင် ယခုချိန်ထိ နေထိုင်နေရဆဲဖြစ်သည်။

#NPNews

Related news

© 2021. All rights reserved.