မဲဆောက်လဝက အချုပ်တွင် ပိတ်မိနေသော မြန်မာလုပ်သား ၆ဝဝ ကျော်ထဲက ၂ဝဝ ခန့်သည် နေအိမ်သို့ ပြန်ခွင့်ရ

362

NP News - ဇွန် ၁၅
ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)၊ မဲဆောက်လဝက အချုပ်တွင် ပိတ်မိနေသော မြန်မာလုပ်သား ၆ဝဝ ကျော်ထဲက မြန်မာလုပ်သား ၁၃ဝ ဦးသည် ယနေ့ ဇွန်လ ၁၅ ရက်တွင် ပြည်တော်ပြန်ဝင်ခွင့်ရခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ(AAC) မှ သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ ၁၃ဝ အပြင် အကြောင်းအမျိုးမျိုး ဖြင့် ထိန်းသိမ်းထားရသည့် မြန်မာ ၄၇ဝ ဦးခန့် တို့အပါအဝင် စုစုပေါင်း မြန်မာနိုင်ငံသား ၆ဝဝ ဦးတို့ကို ဇွန်လ တစ်ရက်နေ့မှ စ၍ ယာယီ နှစ်ပတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်ခြမ်းတွင် ယာယီတည်းခိုပြီးပြည်ဝင်ခွင့်ရရန်စောင့်ဆိုင်းနေသော မြန်မာလုပ်သား ၁၃ဝ ကျော်ကို ဦးစားပေးအနေဖြင့် ယနေ့ ဇွန်လ ၁၅ ရက်တွင် ဝင်ခွင့်ပြုခဲ့ပြီး ဇွန်လ ၁၇ ရက်၊ ၁၉ ရက် များတွင် တစ်ရက်လျှင် လူဦးရေ ၂ဝဝ စီ ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လူဦးရေ ၆ဝဝ ကို သုံးရက်အတွင်းအပြီး ဝင်ခွင့်ပြုမည်ဖြစ်ပြီး ထပ်တိုးလူဦးရေကိုတော့ လက်ခံသွားမည်မဟုတ်ဟု သိရသည်။
ယခုကဲ့သို့ ခွင့်ပြုခြင်းသည် ပိတ်မိနေသော မြန်မာနိုင်ငံသားများအတွက်သာဖြစ်ပြီး ပွဲစားများနှင့် တရားမဝင်အ အသစ်ထပ်ရောက်လာမည့်သူများကို ခရိုင်ဖြတ်ကျော်မှုနှင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာပြည်ကိုပြန်လာရန် ပြင်ဆင်နေကြသော မြန်မာလုပ်သားများအနေဖြင့် မြန်မာအစိုးရဘက်က ဝင်ခွင့်ပြု သည့် အချိန်မှသာ ပြန်လာကြရန် AAC က တိုက်တွန်းထားသည်။
#NPNews