မြန်မာနိုင်ငံ၌ အိန္ဒိယ၊ အမေရိကန်အပါအဝင်နိုင်ငံပေါင်း ၇နိုင်ငံတွင် တွေ့ရှိရသည့် Covid-19 မျိုးရိုးဗီဇပြောင်းလဲသောပိုးစတင်တွေ့ရှိ

 601

ဖူးပြည့် (NP News) - ဇွန် ၁၆
အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန် နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် တွေ့ရှိရသည့် Covid-19 မျိုးရိုးဗီဇပြောင်းလဲသောပိုးကို မြန်မာနိုင်ငံတွင်တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါ Covid-19 မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၁ ဦးရှိပြီး ကလေးမြို့မှ ၁ ဦး၊ မြိတ်မြို့မှ ၃ဦး၊ မန္တလေးမြို့မှ ၄ဦး၊ တမူးမြို့မှ ၂ဦး၊ ရန်ကုန်မှ ပြည်ပပြန် ၁ဦးတို့တွင်တွေ့ရှိခဲ့ ကြောင်းသိရသည်။ စစ်ဆေးချက်များအရ မျိုးရိုးဗီဇပြောင်းလဲသည့် ဗီဇတွေ့ရှိမှုအနေဖြင့် Variants of Concern ဖြစ်သည့် Alpha ၂ဦး၊ Delta ၅ဦး၊ Variants of Interest ဖြစ်သည့် Kappa ၄ဦးဖြစ်ကြောင်း သိရသည်။

COVID-19 ကာကွယ်ဆေးများသည် COVID-19 ကိုကာကွယ်ရာတွင်အလွန်ထိရောက်သော်လည်း မည်သည့်ကာ ကွယ်ဆေးမဆို ရောဂါဖြစ်ပွားမှု၏ ၁ဝဝ ရာခိုင်နှုန်းပြည့်ကို မကာကွယ်နိုင်ကြောင်း ၊ သို့ သော်ကာကွယ်ဆေးထိုးထားသူများတွင် COVID-19 ရောဂါ ကူးစက်ခံရပါက ပြင်းထန်သောဖျားနာမှုမဖြစ်နိုင်ဘဲ သာမန်ခန့်သာခံစားရနိုင်ကြောင်း ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ Variants of Concern ဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှုပိုမိုမြင့်မားကြောင်းတွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင်ချေ နှင့် သေဆုံးနိုင်ချေမြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားသည်။ ထို့ပြင် Covid-19 ကာကွယ် ဆေးများအပေါ်တွင် တုံ့ပြန်မှုနှင့်ပတ်သက်၍ အချို့သောကာကွယ်ဆေးများ၏ အကျိုးအာနိသင်အားအနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။

#NPNews

Related news

© 2021. All rights reserved.