RSO က စစ်တပ်ကို တိုက်ခိုက်မည်ဟုပြောခြင်းသည် နိုင်ငံကိုစော်ကားတိုက်ခိုက်မည်ဟု ပြောခြင်းဖြစ်ကြောင်း စစ်ကောင်စီပြော

 1111

NP News - ဇွန် ၁၆
RSO က စစ်တပ်ကို တိုက်ခိုက်မည်ဟုပြောခြင်းသည် တပ်မတော်ကို တိုက်ခိုက်သည်ဟု ယူဆမရဘဲ နိုင်ငံတော်ကို စော်ကားတိုက်ခိုက်ခြင်း၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို တိုက်ခိုက်မည်ဟု ပြောခြင်းသာဖြစ်သည်ဟု စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

R- ဂျာ အရေးလှုပ်ရှားသူများဖြစ်သည့် (RSO) က ဗိုလ်မှူးကြီး ကျော်မြင့်ထွန်းဆိုသူပြောထားသည့် “ RSO က စစ်တပ်ကို တိုက်ခိုက်သွားမည်” ဆိုသော ရုပ်သံဖိုင်တစ်ခုသည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက် ညပိုင်းက လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီး မီဒီယာတချို့မှလည်း တပြိုင်နက်တည်းဖော်ပြခဲ့ကြသည်။

“၎င်းတို့အနေနဲ့ ၂ဝ၁၇ မှာ ပေါ်ခဲ့တဲ့ ARSA အမည်ကိုမသုံးဘဲ RSO အမည်ကို သုံးတာလည်း အ ကြောင်းများစွာရှိတယ်။ ARSA ကို မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အပြင် နိုင်ငံတကာကလည်း ၎င်းကဲ့သို့ နားလည်သဘာပေါက်နေ၍ ယခင်သမိုင်းကြောင်း နာမည်ရှိခဲ့သော အနောက်နိုင်ငံများနှင့် ပိုမိုအဆက်အသွယ်ရှိသော RSO နာမည်သုံးခြင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းတို့ဟာတစ်ဖွဲ့တည်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် R-ဂျာအဖွဲ့အစည်း(RSO)၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်းရှိ အေးချမ်းစွာနေထိုင် လျက်ရှိသော မွတ်စလင်အသိုင်းအဝိုင်းအား ဆူပူအုံကြွလာစေရန်အတွက် လှုံ့ဆော်ခြင်းဖြစ်ပြီး ပြည် တွင်းမငြိမ်သက်မှုဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က R- ဂျာများသည် မြန်မာနိုင်ငံသားဖြစ် သည်ဟု ပြောခဲ့ခြင်း၊ လက်ခံထားခဲ့ခြင်းမရှိပေ။ လက်ရှိ မြန်မာပြည်တွင်းအခြေအနေများ ရှုပ်ထွေးနေစဉ်ကာလအတွင်း NUG သည် R-ဂျာများကို ပြည်သူဖြစ်သည်ဟု သုံးနှုန်းကာ ထုတ်ပြန်ချက်စာတစ်စောင်ထုတ်ပြန်ခဲ့ဖူးသည်။ စစ်ကောင်စီဘက်က R-ဂျာများကို မြန်မာနိုင်ငံသားအဖြစ် လုံးဝအသိအမှတ်မပြုနိုင်သကဲ့သို့ မြန်မာနိုင်ငံအတွက် အလွန်အန္တရာယ်ကြီးသော အမည်တစ်ခုဖြစ်သည်ဟု ပြောထားသည်။
#NPNews

Related news

© 2021. All rights reserved.