ထိုင်း၊ မြန်မာနယ်စပ်ကို တရားမဝင်ဖြတ်သန်းဝင်ရောက်လာသူ မြန်မာနိုင်ငံသားဒါဇင်နှင့်ချီ ဖမ်းဆီးရမိ

 372

ရောင်နီ ( NP News ) - ဇွန် ၁၈
မိုးသည်းထန်စွာရွာသွန်းမှုများအကြား Moei မြစ်တစ်လျှောက်မှ မဲဆောက်ခရိုင်အတွင်းကို တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၄ဝ ဦးကို ဇွန်လ ၁၈ ရက်နံနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။

သန်းခေါင်ယံ၊ မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်တွင် နယ်စပ်ရှိ Wang Takhai Tai ကျေးရွာမှ မိုးကာများခြုံကာရောက်ရှိလာသည့် ၎င်းတို့ကို ခြေလျင်တပ်ဖွဲ့ ၄ မှ ကင်းလှည့်စစ်သားများက တွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၁ ဦး နှင့် ကလေး ၅ ဦး တို့ပါဝင်ပြီး ၎င်းတို့အားလုံး မြန်မာ နိုင်ငံမှဖြစ်ကာ မည်သည့်ခရီးသွားအထောက်အထားမှပါလာခြင်း မရှိကြောင်းသိရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအနေဖြင့် အလုပ်လုပ်ကိုင်ရန်ရည်ရွယ်ပြီး လက်ရှိတွင် မဲဆောက်လူဝင်မှုကြီးကြပ်ရေးရုံးကို ပို့ဆောင်ထားကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.