ကင်းမရွာ မီးလောင်မှုနှင့်ပတ်သက်၍ အမေရိကန်ကို မြန်မာနိုင်ငံမှထွက်သွားရန် ပြည်သူများက မောင်းထုတ်မှုများဖြစ်ပေါ်
1656
Iris (NP News) - ဇွန် ၁၈
ကင်းမရွာ မီးလောင်မှုသတင်းနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ခဲ့သော အမေရိကန်သံရုံးကို မြန်မာပြည်သူများက ဝိုင်းဝန်းဝေဖန်ကန့်ကွက်မှုများ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမှ ထွက်သွားရန် ဖိအားပေးရေးသားမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
မကွေးတိုင်းဒေသကြီး ကင်းမရွာ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တပ်နှင့် PDF တို့ဘက်က အပြန်အလှန်စွပ်စွဲမှုများ ရှိနေပြီး လက်သည်မပေါ်ဘဲဖြစ်နေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယင်းဖြစ်စဉ်ကို စစ်တပ်ဘက်က ကျုးလွန်ခဲ့သည်ဟု စွပ်စွဲရေးသားခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းကဲ့သို့ ရေးသားမှုများအပေါ် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းဟူ၍ နှစ်ခြမ်းကွဲကာ မှတ်ချက်ပြုမှုပေါင်း ၅၀၀၀၀ ကျော်ရှိခဲ့သည့်အပြင် မြန်မာပြည်သူများက အမေရိကန်ကို ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်နေသည်ကိုလည်း ထူးခြားစွာ တွေ့ရသည်။ “ နိုင်ငံကြီးတစ်ခုရဲ့ သံရုံးက အခုလို ဖာကျကျသတင်းကို ဖာကျကျတင်နေတာ ဂုဏ်သိက္ခာမရှိတဲ့လုပ်ရပ်တစ်ခုပဲ ” ဟု မှတ်ချက်ပြုသူများ ရှိသကဲ့သို့ “ Facebook သတင်းလောက်ကို အဟုတ်ကြီးထင်၊ ဘဝကြီးထင်နေကြတာ၊ တို့ဆီက လူတွေတင် မဟုတ်ဘူး။ အမေရိကန်ငပေါတွေလည်း ပါတယ် ” ဟုလည်းကောင်း၊ “ ဘယ်သူက မီးရှို့တယ်ဆိုတာ မင်းတို့ အသိဆုံးပါကွာ။ အဲဒါကို အပြစ်မပြောဘဲ အောက်ကရော အပေါ်ကပါ မြှောက်ပေးနေပြီး ပြည်သူတွေ အထင်မြင်လွဲအောင် သွေးမခွဲပါနဲ့။ ကိုယ့်နိုင်ငံရဲ့ သိက္ခာကိုလည်းထိန်းပါဦး ” ဟူ၍လည်းကောင်း၊ “ အမေရိကန်က မြန်မာအပေါ် ဘာများကောင်းခဲ့တာ ရှိလို့လဲ။ ဘက်လိုက်ပြီး မပြောပါဘူး။ အရင် NLD လက်ထက်မှာလည်း ဘာများစေတနာပါပါနဲ့ ကူညီခဲ့သလဲ။ စီးပွားရေးလုပ်ငန်းတွေရော ဘာများကူညီထောက်ပံ့ရင်းနှီးမြုပ်နှံခဲ့သလဲ။ တိုင်းပြည်ပြသာနာဖြစ်မှ တရုတ်ရဲ့ ရင်ခွင်ထဲရောက်သွားမယ်ဆိုတဲ့စကားနဲ့ ဖောပြီး လိမ်ညာပြီး ဆန့်ကျင်ဘက် အမြဲဝင်ဖျက် ဝင်သွေးထိုးမယ်။ အဲဒီအတွက်ဆို အကြမ်းဖက်လည်း သူတို့ထောက်ပံ့တယ်။ မင်းတို့က ဘာစောက်ဖြစ်မှမရှိပဲ ငါတို့တိုင်းပြည်ကို နည်းမျိုးစုံနဲ့ မတိုးတက်အောင် ဝင်ဖျက်နေတာ။ နှစ်ပေါင်း မနည်းတော့ဘူး။ အဲဒီတော့ အခါခါ -ီးပဲ ” ဟူ၍လည်းကောင်း၊ “ သတင်းအလိမ်ညာမိပြီး သူတပါးနိုင်ငံကိုစွက်ဖက်နေတာ ပျော်ကြလားမသိဘူး။ မြေပြင်အခြေအနေအရ ကိုယ့်ရွာကို ပြန်စတေးသွားတဲ့ အစွန်းရောက်မိစ္ဆာတွေကြောင့်ဆိုတာ သေချာလေ့လာကြ။ ပြီးမှ တစ်ခြားအဖွဲ့အစည်းကို မဟုတ်မတရား လက်ညိုးထိုးစွပ်စွဲတတ်တာ လူယုတ်မာတိုင်း လုပ်တတ်တယ် ” ဟူ၍လည်းကောင်း မှတ်ချက်များစွာကို တွေ့ရပြီး အဓိအားကဖြင့် အမေရိကန်ကို မြန်မာနိုင်ငံက ထွက်သွားဟူ၍ ယတိပြတ်ပြောဆိုထားသော မှတ်ချက်များစွာကို တွေ့လာရသည်။ ယင်းကဲ့သို့ ရေးသားချက်များကို အမေရိကန်သံရုံးဘက်က ပြန်လည်ချေပခြင်း မပြုသည့်အပြင် မြန်မာပြည်သူ သောင်းဂဏန်း၏မှတ်ချက်များအပေါ် လစ်လျုရှုထားသည်ကိုလည်း တွေ့ရသည်။
အမေရိကန်နိုင်ငံနှင့်ပတ်သက်၍ မှတ်ချက်ပြုကြသည့်အထဲတွင် စစ်တပ်ကမီးရှို့ခဲ့သည်ဆိုသောသတင်း မဟုတ်မှန်ခဲ့လျှင် မြန်မာနိုင်ငံတွင်းမှ ထွက်သွားပေးမည်လောဟူ၍ စိန်ခေါ်ပြောကြားသူများပင် ရှိခဲ့သည်။ ယင်းအပြင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၏ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်လုပ်ဆောင်နေပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် မရှိသင့်သောနိုင်ငံအဖြစ်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို အနုမြူလက်နက်၊ ဓါတုလက်နက်များဖြင့် ခြိမ်းခြောက်၍ ဖိအားပေးသောနိုင်ငံအဖြစ်လည်းကောင်း မြန်မာပြည်သူများဘက်မှ စတင်ရှုမြင်လာကြပြီဖြစ်ကြောင်း တွေ့ရသည်။