ကင်းမရွာ မီးလောင်မှုနှင့်ပတ်သက်ပြီး သတင်းဖော်ပြခဲ့သည့် CNN နှင့် Reuters သတင်းဌာန များအား ကန့်ကွက်လွှာ ပေးပို့သွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြော

 701

NP News - ဇွန် ၁၈

ကင်းမရွာ မီးလောင်မှုနှင့်ပတ်သက်ပြီး သတင်းဖော်ပြခဲ့သည့် CNN နှင့် Reuters သတင်းဌာနများ အား Right to Correct အရ ဖြစ်စဉ်အမှန် ပြန်လည်ဖော်ပြပေးရန် လိုအပ်ပါသဖြင့် သက်ဆိုင်ရာ သတင်းဌာနများသို့ ကန့်ကွက်လွှာပေးပို့သွားမည်ဖြစ်ကြောင်း နစက သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၈ ရက်နေ့တွင် ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအား စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည့် သဘောဆောင်ကာ CNN နှင့် Reuters သတင်းဌာနများက ဇွန်လ ၁၇ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါကျေးရွာ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရွာသူ၊ ရွာသားများမရှိခြင်း၊ မီးသတ် ယာဉ်များ လာရောက် မီးငြှိမ်းသတ်ရန် အခက်အခဲရှိခြင်း၊ မီးငြှိမ်းသတ်ရန် ရေရှားပါးခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း အိမ်ခြေ ၁ဝဝ ခန့်မီးလောင်ကွ ျမ်းခဲ့ကြောင်း၊ ရွာအတွင်းရှိ နေအိမ် ၂ လုံးထဲတွင် အသက် ၈၃ နှစ်အရွယ် အဖွားဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်အရွယ် အဖွား ဒေါ်ထွားစိန် တို့နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆ ယ်ခဲ့ကြပြီး မီးဘေးကင်းလွတ်သည့် ကျေးရွာဘုန်းကြီးကျောင်းသို့ ထမ်းပိုးပို့ဆောင်ပေးခဲ့ပြီးမှ ညနေ ၆ နာရီ မိနစ် ၃ဝ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

NLD ပါတီ ထောက်ခံသူများ၊ PDF များနှင့် သတင်းမီဒီယာအချို့မှ Facebook လူမှုကွန်ယက်စာ မျက်နှာပေါ်တွင် မြေပြင်ပကတိအခြေအနေအမှန်နှင့် ဆန့်ကျင်၍ မဟုတ်မမှန်လုပ်ကြံဖန်တီး ရေး သားဖော်ပြနေကြခြင်းသာဖြစ်ပြီး CNN နှင့် Reuters သတင်းဌာနများက ကင်းမရွာနှင့်ပတ်သက်၍ သတင်းဖော်ပြမှုများကိုလည်း ဒေသခံပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည်ဟု စစ်ကောင်စီ ဘက် ထည့်သွင်းပြောကြားခဲ့သည်။

#NPNews

Related news

© 2021. All rights reserved.