ရုရှားနိုင်ငံတွင် အိန္ဒိယဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာ

 489

ရောင်နီ (NP News) - ဇွန် ၁၉

ရုရှားအစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုံးမျိုကို ဘေးကင်းထိရောက်သည့် ဆေးများအဖြစ် အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဗိုင်းရပ်စ်ကူးစက်တွေ့ရှိမှုများ မြင့်တက်လာကာ
ကူးစက်မှုနှုန်းသည် အံ့အားသင့်ဖွယ် ဖြစ်လာနေကြောင်း Straitstimes သတင်းတွင်ဖာ်ပြထားသည်။

ရုရှားဗိုင်းရပ်စ်ဗေဒပညာရှင်များက အိန္ဒိယတွင် ပထမဆုံး တွေ့ရှိခဲ့ရသည့် Delta virus မျိုးကွဲသည် ယခုအခါမော်စကိုတွင် အမြောက်အများ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်းပြောသည်။

မြို့တော်ဝန် Sergey Sobyanin က'' ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်များရဲ့ ၈၉.၃ ရာခိုင်နှုန်းဟာ Delta ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှုဖြစ်ပြီး ၎င်းဟာ ကူးစက်မှုနှုန်း အလွန်လျှင်မြန်တာကြောင့် အိန္ဒိယနိုင်ငံနဲ့ အခြားနိုင်ငံများလိုပဲ ကူးစက်မှုလမ်းကြောင်းတွေ များပြားလာခြင်း ဖြစ်တယ်''ဟုပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားရာနေရာ ဒေသများတွင် ဆေးရုံကုတင် ၅၀၀၀ ထပ်မံဖြည့်သွင်းထားပြီး ဗိုင်းရပ်စ်ကူးစက်လူနာသစ်သည် မော်စကိုမြို့တွင် သီတင်း ၂ ပတ်အတွင်း ၃ ဆထိတိုးပွားလာကြောင်းသိရသည်။

မော်စကိုမြို့တွင် ဇွန်လ ၁၈ရက်ကပိုးကူးစက်လူနာသစ် ၉၀၅၆ ဦး ထပ်တိုးပြီး မြို့၏အမြင့်ဆုံး နေ့စဉ်ကူးစက်မှု အရေအတွက် ဖြစ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်ချိန်ကတည်းက ယနေ့ထိအတွင်း ဗိုင်းရပ်စ်ကူးစက်လူနာပေါင်း ၁၂၅၈၅၃ ဦးရှိပြီး နိုင်ငံတစ်ဝန်း လူဦးရေ၏၉.၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ၂ ကြိမ်ပြည့်ထိုးနှံပြီးဖြစ်သည်။အမေရိကန်နှင့် နှိုင်းယှဉ်ပါကကာကွယ်ဆေးထိုးနှံမှု အရှိန်အဟုန်သည် နောက်ကျနေဆဲပင်ဖြစ်သည်။

#NPNews

Related news

© 2021. All rights reserved.