အောင်ဇော်ထွန်းဆိုသူကို ထိုင်းရဲများက ဖမ်းဆီးရမိ

 1596

ဂျန်ဇက် (NP News) - ဇွန် ၂၀
ထိုင်းနိုင်ငံအတွင်းမှောင်ခိုပစ္စည်းတင်သွင်းမှုတွေကိုတားဆီးနိုင်ဖို့ ကင်းလှည့်ချိန်အတွင်း ထိုင်းအကောက်ခွန်အရာရှိတွေဟာ မြန်မာနိုင်ငံသားတစ်ဦးနဲ့မှောင်ခိုတင်သွင်းဖို့ကြိုးပမ်းတဲ့
နိုင်ငံခြားစီးကရက်အများအပြားကို ဇွန်၂၀ရက်နေ့နံနက်ပိုင်းမှာ ဖမ်းမိခဲ့ကြောင်း ထိုင်းအမှတ်(၃)ရေကြောင်းတပ်ဖွဲ့အကြီးအကဲ Choengchai Chomchoengpaet က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Region 3 Thai Maritime Enforcement Command Centre (Thai-MECC),ရဲ့ညွန်ကြားရေးမှူး
ဖြစ်တဲ့ ChoengchaiChomchoengpaetကဖမ်းဆီးရမိသူဟာ အောင်ဇော်ထွန်းအမည်ရှိ
မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်းတို့ကို ကင်းလှည့်နေတဲ့အကောက်ခွန်ဌာနအရာရှိတွေဟာ ရနောင်းကမ်းလွန်မှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ ကင်းလှည့်အဖွဲ့ဟာရနောင်းမြစ် အတွင်းမောင်းနှင်နေတဲ့လှေတစ်စီးကို ရပ်တန့်စစ်ဆေးချိန်မှာ မြန်မာနိုင်ငံသားတစ်ဦးနဲ့အတူ မှောင်ခိုစီးကရက် အများအပြားကို ဖမ်းမိခဲ့တာဖြစ်လည်းဖြစ်ပါတယ်။ လှေအတွင်းကနေ
မြန်မာဆေးလိပ်ဗူးအထုတ်ပေါင်း(၃၀၀)နဲ့ PremiumGold အမှတ်တံဆပ်ပါ ဆေးလိပ်ဗူး အထုတ်ပေါင်း(၃၀၀)တို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း၊ အောင်ဇော်ထွန်းအမည်ရှိ
မြန်မာနိုင်ငံသားကို ယစ်မျိုးအခွန်ချိုးဖောက်မှုနဲ့ စွဲချက်တင်ထားကြောင်း ထိုင်းအစိုးရတာဝန်ရှိ သူတွေက ပြောပါတယ်။ ဒါ့အပြင် ထိုင်းအကောက်ခွန်ဌာနတာဝန်ရှိသူတွေဟာ ဇွန်လ(၁၉)ရက်
က ကင်းလှည့်ချိန်အတွင်း ရနောင်းမြစ်အတွင်းဖြတ်သန်းမောင်းနှင်လာတဲ့ လှေတစ်ဦးပေါ်ကနေ အလေးချိန်(၁၆၀၀)ကီလိုဂရမ်ရှိ ဂုံးအရှင်(၅၅)ကောင်နဲ့ငါးများကို ဖမ်းမိခဲ့ကြောင်းလည်း ဆိုပါတယ်။

ဒေသခံငါးဖမ်းသမားများကတော့ မြန်မာနိုင်ငံသားတစ်ဦးက ဂုံးအရှင်များ
ထည့်ထားတဲ့အိတ်ကို လှေပေါ်ကိုတင်ပေးခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။

Related news

© 2021. All rights reserved.