ကင်းမကျေးရွာမီးဘေးသင့်ပြည်သူများအတွက် ကိုရီးယားမှ ငွေကျပ်သိန်း ၁၈ဝကျော်ကို NUG မှ တဆင့်လှူဒါန်း
742
ပုံစာ- ကင်းမရွာပြည်သူများအတွက် လှူဒါန်းခဲ့သည့် ပစ္စည်းများ
photo: Clean Yangon
NP News - ဇွန် ၂၁
ကင်းမကျေးရွာမီးဘေးသင့်ပြည်သူများအတွက် ကိုရီးယားသမ္မတနိုင်ငံ Civilian Fellowship for International Exchange မှ ငွေကျပ် ၁၈၂.၆ သိန်းကျပ် ကို NUG မှတဆင့် လှူဒါန်းလိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါလှူဒါန်းမှုကို သက်ဆိုင်ရာမြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံသို့ အလျင်အမြန်ရောက်ရှိရန် NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဇွန်လ ၁၇ ရက်နေ့တွင် ချိတ်ဆက်စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာသည် ဇွန်လ ၁၅ ရက်နေ့တွင် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့၍ အိမ်ခြေ(၂ဝဝ) ခန့် ဆုံးရှုံးပျက်စီးခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် တိရိစ္ဆာန် ကျွဲ၊ နွားများပါ အသက်ဆုံးရှုံးခဲ့ရခြင်းကြောင့် မီးဘေးသင့်လူဦးရေ (၁ဝဝဝ)ခန့် စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင် နေကြရကြောင်း သိရသည်။
ထို့ပြင် Clean Yangon အနေဖြင့်လည်း ကင်းမရွာအတွက် ပြည်တွင်းပြည်ပ စေတ နာရှင်များ၏လှူဒါန်းမှုမှငွေကျပ် ၂၅သိန်းတန်ဖိုးရှိ လိုအပ်သည့် စားသောက်ကုန်၊ အသုံးအဆောင်များကို ဇွန်လ ၂၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။ နောက်ပိုင်း တွင် ကျေးရွာပြန်လည်ထူထောင်ရေးအတွက် လူနေအိမ်များ အသစ်ပြန်လည်ဆောက်ကြမည်ဖြစ်ကြောင်းသိရသည်။
#NPNews