မြန်မာနိုင်ငံအရေး ကုလဆုံးဖြတ်ချက်ကို မထောက်ခံခဲ့သည့်လုပ်ရပ်အား ထိုင်းအစိုးရကာကွယ်ပြောဆို

 645

ဝတီ (NP News) - ဇွန် ၂၁
ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ကာ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် မဲခွဲဆုံးဖြတ်ခဲ့သော်လည်း အဆိုပါဆုံးဖြတ်ချက်တွင် မရှိမဖြစ်အရေးပါသည့် အချက်အလက်အများအပြား မပါဝင်သည့်အတွက် ထိုင်းက မဲမပေးဘဲကြားနေခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ Tanee Sangrat က ပြောသည်ဟု ဇွန်လ ၂၁ ရက် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါကုလဆုံးဖြတ်ချက်တွင် ပဋိပက္ခနှင့်ပတ်သက်ပြီး သင့်တော်သည့် သမိုင်း ကြောင်း အဆက်အစပ်ကို ထည့်သွင်းစဉ်းစားထားမှုမရှိသဖြင့် ငြိမ်းချမ်းရေးရရှိနိုင် ခြေကိုပါ ဆိုးဆိုးရွားရွားထိခိုက်သွားနိုင်ကြောင်း၊ ထို့ပြင် ပဋိပက္ခကြာရှည်နေလျှင် ထိုင်းနိုင်ငံ ရင်ဆိုင်နေရသည့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ပိုမိုကြီးထွားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဇွန်လ ၁၈ ရက်တွင် မဲမပေးဘဲဘေးထွက်နေလိုက်ခြင်းဖြစ် ကြောင်း မီဒီယာများကို ဖြေကြားရာတွင် Tanee Sangrat က ပြောကြားသွားသည်။

“မြန်မာနိုင်ငံနဲ့ ကီလိုမီတာပေါင်း ၂၄ဝဝ ဆက်စပ်နေပြီး တခြားကိစ္စတွေနဲ့လည်း အ များကြီး ပတ်သက်ဆက်ဆံနေရတဲ့ နိုင်ငံဖြစ်တဲ့အတွက် ထိုင်းဟာတခြားနိုင်ငံတွေလို မြန်မာနိုင်ငံနဲ့ အဝေးကြီးမှာ နေပိုင်ခွင့် ဒါမှမဟုတ် သီးခြားခွဲပြီး နေပိုင်ခွင့်မရှိပါဘူး။ နိုင်ငံချင်းက ကပ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ်တဲ့ကိစ္စဟာ နောက်တစ်နေ့မှာပဲ ထိုင်းနိုင်ငံမှာ အကျိုးဆက်တွေ တိုက်ရိုက်ဖြစ်လာပါတော့တယ်” ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ ကုလဆုံးဖြတ်ချက်သည် ဖေဖော်ဝါရီလ ၁ ရက်မတိုင်မီ မြန်မာနိုင်ငံ သ မိုင်းကြောင်းအခြေအနေ အရှုပ်အထွေးနှင့် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန် မာနိုင်ငံမြေပြင်အခြေအနေ အရှုပ်အထွေးတို့ကို မထင်ဟပ်ကြောင်း၊ ယင်းပဋိပက္ခတွင် အဖွဲ့များစွာပါဝင်နေပြီး လက်ရှိလုပ်ရမည့်အလုပ်သည် အပြစ်တင်ရန် မဟုတ်ဘဲ ယုံ ကြည်မှု ပြန်လည်တည်ဆောက်ရန်သာဖြစ်ကြောင်း ထိုပုဂ္ဂိုလ်က ပြောကြားသွားသေးသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ယုံကြည်မှု ဖြစ်ပေါ်လာရေးအတွက်သာ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲ သဘောထားချင်း မတူသည့် အဖွဲ့များအကြား မလိုမုန်းထားမှုပိုဖြစ်လာရန် မလုပ်သင့်ကြောင်း၊ ထိုသို့လုပ်လိုက်လျှင် မလုံ ခြုံမှုများပိုဖြစ်လာပြီး အကြမ်းဖက်မှုများသာ ပိုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားသေးသည်။

ကြာရှည်ခံသည့် ငြိမ်းချမ်းရေး အလျင်အမြန် ပေါ်ပေါက်လာရန်အတွက် အလုပ်သင့်ဆုံးအဖွဲ့သည် အာဆီယံဖြစ်ပြီး ကုလဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအရေးနှင့်ပတ် သက်ကာ အာဆီယံအဖွဲ့ ထုတ်ပြန်ထားသည့် သဘောတူညီချက်နှင့် အပြည့်အဝ မကိုက်ညီကြောင်း ၎င်းက ဆိုသည်။ အတိတ်ကို မပြောင်းလဲနိုင်သော်လည်း ပဋိပက္ခနှင့် သက်ဆိုင်သည့်အဖွဲ့အားလုံး ဆွေးနွေးရေးစားပွဲဝိုင်းကို လာရောက်စေရန် နိုင်ငံ တကာအသိုင်းအဝိုင်းက တိုက်တွန်းသင့်သည်ဟု ထိုင်းနိုင်ငံက ယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရိမ်ဆုံး ကိစ္စရပ်သည် မြန်မာနိုင်ငံသားများ၏ သက်မွေးဝမ်းကျောင်းအလုပ်အကိုင်ဖြစ်ကြောင်း၊ ပဋိပက္ခပိုမိုကြာမြင့်လာသည်နှင့်အမျှ ထိုနိုင်ငံသားတို့ သည် ဆင်းရဲတွင်း ပိုနက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားတို့သည် ကြာရှည်ခံသည့် ငြိမ်းချမ်းရေးနှင့် ထိုက်တန်သော်လည်း ကုလဆုံးဖြတ်ချက်သည် ကြာရှည်ခံသည့် ငြိမ်းချမ်းရေးရရှိမည့်လမ်းကြောင်းကို ဦးတည်သည်ဟု ထိုင်းအစိုးရက မယုံ ကြည်ကြောင်း ၎င်းက ပြောကြားသွားသေးသည်။
#NPNews

Related news

© 2021. All rights reserved.