စစ်အာဏာရှင်ကို ထောက်ခံအားပေးလျက်ရှိသည့် နိုင်ငံများသည် စစ်အာဏာရှင်ကို ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လိုင်စင်ချထားပေးလိုက်ခြင်းသာဖြစ်ကြောင်း ဒေါက်တာဆာဆာပြော

 748

ရဲပြည့် (NP News) ဇွန်- ၂၁
စစ်အာဏာရှင်အား ထောက်ခံအားပေးလျက်ရှိသည့် ကမ္ဘာတဝှမ်းမှနိုင်ငံများသည် ပြည်သူများအပေါ် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ နှင့် ရက်စက်ယုတ်မာမှုများ၊ ဆက်လက်ကျူးလွန်ရန်အတွက် စစ်အာဏာရှင်ကို လိုင်စင်ချပးခြင်းသာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ NUG ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဖန်တီးလျက်ရှိသော ဆိုးရွားသောနိုင်ငံမတည်ငြိမ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဒုက္ခများသည် မြန်မာနိုင်ငံကို ကျရှုံးသောနိုင်ငံအဖြစ် ပြုလုပ်နေကြောင်း၊ စနစ်အားလုံးသည်လည်း အလျင်အမြန်ပြိုလဲနေပြီဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ (၂၇)သန်းကို တစ်နှစ်အတွင်း ဆင်းရဲနွမ်းပါသည့်အခြေအနေကို ရောက်စေတော့မည်ဖြစ်ကြောင်း ၎င်း ကပြောသည်။ ယခုနှစ်အောက်တိုဘာလကုန်ပိုင်းတွင် မြန်မာလူမျိုး(၆.၄)သန်း တို့တွင် စားနှိပ်ရိက္ခာပြတ်လပ်မူနှင့်ကြုံရမည်ဖြစ်ကြောင်း ဒေါက်တာ ဆာဆာက ဆက်လက်ပြောသည်။

နိုင်ငံပေါင်း (၁၁၉) နိုင်ငံ၏ဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမည် မ ဟုတ်ကြောင်း အခိုင်အမာပြသနေ ခြင်းဖြစ်ပြီး အရပ်သားပြည်သူ (၉ဝဝ) နီးပါးအားသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူ (၆၁၈ဝ) အား တရားမဝင်ဖမ်းဆီးခြင်းနှင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂ဝဝဝ) ကျော်အား တရားမဝင်ဖမ်းဆီးချုပ်နှောင်ခြင်းများလုပ် ဆောင်ခြင်းကြောင့် ပြည်သူများအနေဖြင့် ဖမ်းဝရမ်းများအားရှောင်လွှဲရန် ပုံးရှောင်နေကြရခြင်းသည် သာမန်ကိစ္စမဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် NUG အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအား စစ်အာဏာရှင်အား သတိပေးစကား ဆက်လက်ပေးပို့ရန်နှင့် မြန်မာပြည်သူ လူထုကိုယ်စား အာဏာသိမ်း စစ်အာဏာရှင်အပေါ်တွင် ပိုမိုခိုင်မာသည့် အစီအမံများ၊ ပစ်မှတ်ထားခြင်းများ နှင့် အရေးယူမှုများပြုလုပ်ရန် ထပ်မံမေတ္တာရပ်ခံပါ‌ကြောင်း ဆက်လက်ပြောသည်။
#NPNews

Related news

© 2021. All rights reserved.