စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ပြည်သူများ၏နေအိမ် ၁ဝ လုံးနီးပါး မီးလောင်ပျက်စီး

 888

ရဲပြည့် (NP News) ဇွန် - ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ တ‌ရော်ကျင်းကျေးရွာအနီးတွင် ဇွန်လ(၂၂)ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် PDF တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ် (၈)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း စစ်ကောင်စီဘက်မှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောဆိုမှုအရ အဆိုပါကျေးရွာသို့ နယ်မြေလုံခြုံရေးဆောင် ရွက်ရန် သွားရောက်စဉ် PDF အဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုအတွင်းတွင် စစ်ကောင်စီတပ်သည် PDF ဘက်က လက်လုပ် သေနတ်တစ်လက်အား သိမ်းဆည်းရမိခဲ့ပြီး ပြည်သူများ၏နေအိမ်(၈)လုံး မီးလောင်ပျက်စီး သွားခဲ့ရကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး တူမီးခဲစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပြောသော်လည်း နှစ်ဦးနှစ်ဖက်စလုံးက လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိပေ။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသသည် ကနီမြို့နှင့် ယင်းမာပင်မြို့နယ်ကြားမှာရှိ သမိုင်းဝင် အလောင်းတော် ကဿပ ဘုရားသို့ သွားရာ လမ်းဆုံထိပ်က ကျေးရွာဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း စစ်တပ်နှင့် ပြည်သူများ ပစ်ခတ်မှုဖြစ်ပွားခဲ့မှုကြောင့် ပြည်သူ (၆)ဦး သေဆုံးခဲ့ရသည့် ကျေးရွာဖြစ်ကြောင်းသိရသည်။

#NPNews

Related news

© 2021. All rights reserved.