ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို တစ်လထပ်မံတိုးမြှင့်

 722

NP News - ဇူလိုင် ၂
တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇူလိုင်လ ၁ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ် ဆိုင်းပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇွန်လ ၃ဝ ရက်တွင် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည် အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာဆောင် ရွက်နိုင်ရေး နှင့် COVID-19 ရောဂါဖြစ်ပွားမှုသည် အချိန်ကာလကြာမြင့်သည်နှင့်အမျှ သန္ဓေပြောင်းမျိုးကွဲများ ထွက်ပေါ်လာခဲ့ပြီး စဉ်ဆက်မပြတ်ခြေရာခံစောင့်ကြည့် ထိန်းချုပ်စစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိသည့်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေး နှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိ ပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည် ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါကာလအတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ် သက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂများအား လုံးအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆက် လက်ဆောင်ရွက်ပြီး ထာဝရငြိမ်းချုပ်ရေးရရှိအောင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
#NPNews

Related news

© 2021. All rights reserved.