မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင် အပြီးတည်ဆောက်မည်

796
NP News - ဇူလိုင် ၄
မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက် ရန်စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။ မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဈေးသည် ၂ဝ၁ဝ ခုနှစ် မေလတွင်တစ်ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်တွင် အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေးသစ် တည်ဆောက်မှုကို ဈေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးဌာန နှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဈေးသစ်တည်ဆောက်မှုတွင် မြေအောက်နှစ်ထပ်၊ မြေပေါ် ၁၅ ထပ်ဖြင့် ဘဏ်များ၊ City Mart၊ ဆိုင်ခန်းများ၊ ရုံးခန်းများနှင့် ယာဉ်ရပ်နားရန်နေရာများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#NPNews