ယူရို 2012 Final က ရှုံးကြွေးကို ပြန်ဆပ်မယ့်အီတလီနဲ့ စပိန်တို့ရဲ့ ယူရို 2020 Semi-Final တွေ့ဆုံမှု
559
ရဲပြည့် (NP News) - ဇူလိုင် ၆
ယူရို (၂ဝ၂ဝ) ဆီမီးဖိုင်နယ်ကိုတက်ရောက်ခဲ့ပြီဖြစ်တဲ့ စပိန်အသင်းနဲ့ အီတလီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အီတလီအသင်းအနေနဲ့ ယူရို 2012 Final တုန်းက ရှုံးကြွေးကို ပြန်ဆပ်ဖို့ရှိနေပြီး ယူရိုချန်ပီယံဆုကို (၃) ကြိမ် ယူထားတဲ့ စပိန်အသင်းကလည်း ဥရောပရဲ့အောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်သွားနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။
အီတလီအသင်းက ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အကောင်းဆုံးပုံစံကို ရောက်နေပြီလို့ပြောလို့ရပြီး နောက်ဆုံး (၃၂) ပွဲ ဆက်တိုက်ရှုံးပွဲမရှိ ကစားခဲ့ကာ နောက်ဆုံး (၁၅) ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ပုံစံက အံ့အားသင့်စရာဖြစ်ကာ အနိုင်ယူဖို့ ခက်တဲ့အသင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။ အီတလီအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ဘိုနူချီနဲ့ ချီလီနီတို့က အသက်အရွယ်နဲ့မလိုက်အောင် အတွဲအဖက်ညီညီနဲ့ နေရာလွတ်ရှာမရအောင် ကစားနိုင်တဲ့အနေအထားကို တွေ့ရပါတယ်။ ဂျော်ဂျင်ဟိုနဲ့ Lorenzo Insigneတို့ရဲ့အတွဲအဖက်ကလည်း စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်တွေကိ ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
စပိန်ရဲ့ ကစားဟန်ကလည်း အီတလီအတွက် အခက်အခဲသိပ်မရှိဘူးလို့ပြောနိုင်ပြီး မိုရာတာ၊ မော်ရီနို၊ ဆာရာဘီယာတို့လိုကစားသမားတွေက အီတလီခံစစ်ကစားသမားတွေအကြိုက် ကစားဟန်လို့ပြောရပါတယ်။ စပိန်အ သင်းအနေနဲ့ကတော့ ဘာကာကစားသမားတွေအများစု ပါဝင်နေပြီး ဂျော်နီအယ်ဘာ၊ဆာဂျီယိုဘူစီ၊ပူဒရီဂွန်ဇာလက်တို့ပါဝင်နေပါတယ်။ စပိန်ရဲ့ အားသာချက်ကတော့ကွင်းလယ်ကို စိုးမိုးပြီး တောင်ပံတိုက်စစ်ကို ချိန်သားကိုက်ပေးပြီးမှဂိုးပြန်သွင်းတဲ့ပုံစံဖြစ်ပါတယ်။
မိုရာတာရဲ့ ယူရိုခြေစွမ်းကတော့ စိတ်ကျေနပ်လောက်စရာမရှိသလို ဂိုးပေါက်ကန်းသွင်းမှုတွေအပြင် နေရာယူမှုတွေပါ ပုံမှန်မဟုတ်တော့တဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် စပိန်အသင်းအနေနဲ့ နည်းပြဖြစ်တဲ့ လူးဝစ်အန်းနရစ်ရဲ့ လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေအတူ ဆီမီးဖိုင်အထိ တက်ရောက်လာနိုင်ခဲ့တာပါ။ စပိန်အသင်းဟာ ဂျာမနီအသင်းနဲ့အတူ ယူရိုသမိုင်းတစ်လျှောက်ချန်ပီယံဆု(၃) ကြိမ်နဲ့ အအောင်မြင်းဆုံးအနေအထားမှာ ပူးတွဲရပ်တည်နေပြီး ဒီတစ်ကြိမ်ယူရိုဖလားကို ရယူနိုင်ခဲ့ပါက ဥရောပရဲ့အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
အီတလီအသင်းအနေနဲ့ကတော့ ယူရိုဖလားကို တစ်ကြိမ်သာ ရယူထားနိုင်ပြီး ဒုတိယဆုကိုနှစ်ကြိမ်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းဟာ ယူရို 2012 Final မှာ စပိန်အသင်းကိုရှုံးနှိမ့်ခဲ့ပြီး ချန်ပီယံဆုကို လက်လွတ်ခဲ့ရသမိုင်းကြောင်းအရ အခုထိပ်တိုက်တွေ့ဆုံမှုမှာ ရှုံးကြွေးကို ပြန်ဆပ်နိုင်မယ့် အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။ စပိန်အသင်းနဲ့ အီတလီအသင်းတို့ဟာ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု (၉)ကြိမ်ရှိခဲ့ပြီး စပိန်အသင်းက (၄) ကြိမ်အနိုင်ရရှိကာ အီတလီအသင်းက (၂)ပွဲနိုင် (၂)သရေ ကျခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် ယူရို Semi-Final တွေ့ဆုံမှုမှာ စပိန်အသင်းက အသားစီရယူနိုင်မလား၊အီတလီတို့ကပဲ ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆို တာ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
#NPNews