လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့်အတိုင်း လူတိုင်း Mask ချုပ်ရမည်ဟု ဒေါက်တာ ဇော်ဝေစိုး အကြုံပြု
808
NP News - ဇူလိုင် ၇
လူတိုင်း နှာခေါင်းစည်း (Mask) ချုပ်ရမည်ဖြစ်ပြီး လူတိုင်းချုပ်သည့် နှာခေါင်းစည်း (Mask) ကို တပ်ဆင်ရမည်ဟု ဒေါက်တာဇော်ဝေစိုးက အကြုံပြုထားသည်။
တကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည် ယခင်က ချုပ်လုပ်ပြခဲ့သည့် အ တိုင်း ပြည်သူများအနေဖြင့် ယခုအချိန်တွင်လည်း နှာခေါင်းစည်း (Mask) များကို ကိုယ်တိုင်ချုပ်၍ တပ်ဆင်သင့် ကြောင်းပြောသည်။ “တကယ်တမ်းက ဒီအချိန်မှာငွေလည်း ရှားနေပြီ။ ပစ္စည်းလည်း ရှားနေပြီ။ Mask နဲ့ပတ်သက်ရင် ပြဿနာရှိတယ်။ အဲဒီအချိန်မှာ ဘယ်သူ့ကို သတိရလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပဲ။ သူအဲဒီတုန်းက လုပ်ခဲ့တဲ့အရာကို အခုပြန်လုပ်ရမယ်။ လူတိုင်းလူတိုင်း Mask ချုပ်ရမယ်။ လူတိုင်းလူတိုင်းချုပ်တဲ့ Mask ကို တပ်ရမယ်။ အမေ့ရဲ့စေတနာ အခုထိရှိနေသေးတယ်”ဟု ဒေါက်တာဇော်ဝေစိုးကပြောသည်။
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်ရောဂါကူးစက်ပြန့်နှံ့မှုများ မြင့်တက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ကူး စက် မှုနှုန်းသည် နေ့စဉ်မြင့်တက်လျက်ရှိသည်။ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာသည်နှင့်တပြိုင်နက် ကိုဗစ်ရောဂါ ကာကွယ်ရေးရေးသုံးပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း မြင့်တက်လျက်ရှိသည်။ ဇူလိုင်လ (၆) ရက် ကိုဗစ်ဓာတ်ခွဲနမူနာပေါင်း (၁၂၈၃၂) စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၆ဝ၂) ဦးရှိခဲ့ပြီး ထပ်မံသေဆုံးသူ ( ၅၂) ဦး ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၇၉၆၂၁၇) ခု အားစစ်ဆေးခဲ့ပြီးဖြစ်ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇၁၉၇၆) ဦး နှင့် သေဆုံးသူ စုစုပေါင်း (၃၅၁၃) ဦး ရှိပြီဖြစ်ကြာင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ (၆)ရက် ထုတ်ပြန်ချက်အရသိရသည်။
#NPNews