ဒေါက်တာဇော်ဝေစိုးနှင့် ပြင်သစ်အစိုးရပိုင်သတင်းဌာန France 24 တို့၏ တွေ့ဆုံဆွေးနွေးမှုအား စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်
961
ဟိန်း (NP News)- ဇူလိုင် ၈
ဒေါက်တာဇော်ဝေစိုးနှင့် ပြင်သစ်အစိုးရပိုင်သတင်းဌာန France 24 တို့၏ တွေ့ဆုံဆွေးနွေးမှုအား ကန့်ကွက် ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၁ ရက်နေ့တွင် ပြင်သစ်အစိုးရပိုင်မီဒီယာနှင့်တွေ့ဆုံခဲ့ပြီး ယင်းမှတဆင့် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို အားပေးအားမြှောက်လုပ်ခြင်းနှင့် မဟုတ်မမှန်ပြောဆိုခြင်းများကို ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အကူအညီမဲ့နေသည့် မြန်မာပြည်သူများသည် မိမိကိုယ်ကိုခုခံသည့်နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းများကို အသုံးမပြုနိုင်တော့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအား ကူညီရန်ပြောကြား ခဲ့ကြောင်း တွေ့ရှိရသဖြင့် ဒေါက်တာဇော်ဝေစိုး၏ ပြောကြားချက်များသည် အကြမ်းဖက်တိုက်ခိုက်မှုများကို ကျူး လွန်နေသူများအား ခုခံကာကွယ်ပြောဆိုခဲ့ပြီး အားပေးအားမြှောက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ပြင်သစ်လွှတ်တော်အမတ်များအနေဖြင့် NUG နှင့် Online မှတွေ့ဆုံမှုများအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတ မန်လမ်းကြောင်းမှတဆင့် ပြင်သစ်ဘက်သို့ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့်ပုံစံဖြင့်မဆို အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု မှန်သမျှကို ကျူးလွန်ခြင်းများအား လက်ခံလိမ့်မည်မဟုတ်ကြောင်းနှင့် ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
#NP News