ရုရှားနဲ့ တင်းမာမှုမြင့်တက်နေချိန်မှာ ယူကရိန်းနဲ့နေတိုးအဖွဲ့က ကြီးမားတဲ့ ပူးပေါင်းစစ်ရေးလေ့ကျင်မှုလုပ်
488
ဂျန်ဇက် (NP News) - ဇူလိုင် ၁၁
ပြီးခဲ့တဲ့လက ခရိုင်းမီးယားကမ်းလွန်မှာ ရုရှားအစိုးရတပ်ဖွဲ့တွေနဲ့ဗြိတိန်ဖျက်သင်္ဘောတို့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ယူကရိန်းနဲ့ နေတိုးအဖွဲ့ဟာ ပင်လယ်နက်ထဲမှာ စစ်သင်္ဘောတွေအပါအဝင်ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ သီတင်းပတ်နှစ်ပတ်ကြာလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Sea Breeze 2021 အမည်ပေးထားတဲ့ ယူကရိန်းနဲ့နေတိုးအဖွဲ့တို့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုအ
တွင်း စစ်သင်္ဘောအစီး(၃၀)တိုက်လေယာဉ်အစီး(၄၀)ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ပါဝင်ခဲ့တဲ့အမေရိကန်ဖျက်သင်္ဘော USS Ross ရဲ့ကပ္ပတိန်က စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံများပူးပေါင်းစစ်ဆေးရေး အတူတကွလုပ်ဆောင်နိုင်ဖို့နဲ့ စစ်လက်နက်ပစ္စည်း အသုံးပြုပုံတွေ ပိုမိုကောင်းမွန်အောင်ရည်ရွယ်လေ့ကျင့်တာဖြစ်ကြောင်း ပြောပါတယ်။ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တဲ့ ကွန်မန်ဒါ ဗိုလ်ချုပ်ဂျွန်ဒီဂျွန်က " ဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြသဖို့ရည်ရွယ်တာပါ။ ပင်လင်နက် ဒါမှမဟုတ် နိုင်ငံတကာရေ
ပိုင်နက်တွေကို တစ်နိုင်ငံတည်းက ပိုင်တယ်လို့ပြောလို့မရနိုင်အောင် လုပ်ပြခဲ့တာပါ။ ပင်လယ်နက်အတွင်းရှိ ရေပိုင်နက်တွေဟာ နိုင်ငံတကာရေပိုင်နက်တွေဖြစ်ပါတယ် " လို့ ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးကတော့ Sea Breeze အမည်ရှိ စစ်ရေးလေ့ကျင့်မှုတွေကို အနီးကပ်စောင့်ကြည်နေတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာ ပင်လယ်နက်နဲ့ ရုရှားနိုင်ငံတောင်ပိုင်းမှာ မကြာခဏ စစ်ရေးလေ့ကျင့်မှုတွေလုပ်ခဲ့ဖူးပြီး အဲဒီစစ်ရေးလေ့ကျင့်မှုတွေအတွင်း ဗုံးကြဲလေယာဉ်များ၊ တာဝေးပစ်ဒုံးကျည်များ၊ စစ်သင်္ဘောများပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံက ပင်လယ်နက်အတွင်းရှိ ၎င်းတို့စစ်သင်္ဘောတစ်စီးဟာ ဗြိတိန်ရေတပ်ဖျက်သင်္ဘောရဲ့ဗုံးကြဲလေယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း၊အဲဒီလေယာဉ်ဟာ ခရိုင်းမီးယားဒေသအနီးရှိ ၎င်းတို့ရေပိုင်နက်ထဲကို ပျံသန်းဝင်ရောက်လာတဲ့အတွက် ပစ်ချခဲ့တာဖြစ်ကြောင် ပြီးခဲ့တဲ့လကပြောဆိုခဲ့ဖူးပါတယ်။
ရုရှားက နေတိုးနဲ့ယူကရိန်းတို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုဟာ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး ၎င်းတို့စစ်သင်္ဘောများ အပစ်ခံရမယ်လို့သတိပေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက ၎င်းတို့လေယာဉ်တစ်စီးဟာ ဇွန် ၂၃ ရက်နေ့က ခရိုင်းမီးယားရေပိုင်နက်အတွင်း ခုတ်မောင်းနေချိန်မှာ ရုရှားနိုင်ငံက တိုက်လေယာဉ်များစေလွှတ်ခဲ့ပြီး ပစ်ချသံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ယူကရိန်းပိုင်ဆိုင်တဲ့ ခရိုင်းမီးယားဒေသကို ရုရှားက ၂၀၁၄ ခုနှစ်မှာ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား တင်းမာမှုမြင့်တက်ခဲ့ပါတယ်။