တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကိုသုံးရန် ထိုင်းတာဝန်ရှိသူများ စဉ်းစားလာ

 761

ရောင်နီ (NP News) - ဇူလိုင် ၂၆
ထိုင်းနိုင်ငံသားများစွာရဲ့ အကြီးမားဆုံးသော ပြဿနာတစ်ခုမှာ အစိုးရရဲ့ အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းများမှာ အတားအဆီးများစွာ ကြုံတွေ့ရခြင်းဖြစ်ပြီး တရုတ်ထုတ် ကာကွယ်ဆေးကို ထိုးသွားဖို့ လည်း အပါအဝင် ဖြစ်လာပါတယ်။

Covid ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုများအောက်မှာ ပြိုလဲနေတဲ့အလုပ်အကိုင်နဲ့ စီးပွားရေးဆုံးရှုံးမှုများကြောင့် လူနေမှုဘဝမည်သို့ဖြစ်လာမည်ကိုလည်း ၎င်းတို့စိုးရိမ်နေကြရပါတယ်။ အများစုဟာ ထိုင်းနိုင်ငံမှာ မရရှိနိုင်သေးတဲ့ mRNA ကာကွယ်ဆေးများအပေါ် မျှော်လင့်နေကြပြီး အမေရိကန်မှ လှူဒါန်းထားတဲ့ Pfizer ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ယခုလကုန်မှာ ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ သို့သော် ၎င်းတို့ဟာ ထိုင်းနိုင်ငံရှိထိပ်တန်းဆေးဘက်ဆိုင်ရာဝန်ထမ်းများနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ပြည်နှင်ဒဏ်ခံထားရသူတွေအတွက် ကြိုတင်စာရင်းသွင်းထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် Sinovac ကာကွယ်ဆေးကိုတော့ တရုတ်ထုတ်ကုန်များဟာ အရည်အသွေးနိမ့်ခြင်း (သို့မဟုတ် )grade C အဆင့်သာရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ငြင်းဆန်သောသူများအတွက် မီဒီယာအတိုက်အခံနိုင်ငံရေးသမားများနဲ့ ကျော်ကြားသူများက ၎င်းဟာအလွန်ဆိုးဝါးတဲ့ စီးပွားရေးဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရက ခွင့်ပြုထားတဲ့ ကာကွယ်ဆေးများဖြစ်တဲ့ Pfizer ၊ Moderna၊ mRNA ကာကွယ်ဆေး၊ AstraZeneca၊ Sinovac နဲ့ Sinopharm ကာကွယ်ဆေးများဟာ Delta ဗိုင်းရပ်စ် ကူးစက်မှုကို အနည်းဆုံး ထိရောက်စေတယ်လို့ ဆိုပါတယ်။ သို့သော် ယခုအချိန်အတောအတွင်း Delta ကိုဗစ်မျိုးကွဲကူးစက်မှုများကို Pfizer, Moderna နဲ့ AstraZeneca စတဲ့ mRNA ကာကွယ်ဆေးများထိုးနှံထားရာ အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးတို့မှာ တဖြည်းဖြည်းများပြားလာပြီး ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ အဆိုအရ ဇူလိုင် ၁၀ ရက်နေ့မှ ၁၇ ရက်အတွင်း Delta ဗိုင်းရပ်စ် ကူးစက်မှုသစ် ၂၅၀၀၀ မှ ၃၀,၀၀၀ ကြားထိ ရှိရာမှ ဇူလိုင်လ ၂၀ ရက်နေ့မှာ ၄၆၀၀၀ ထိ ရှိလာခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် mRNA ကာကွယ်ဆေးများဟာ Delta ဗိုင်းရပ်စ်မျိုးကွဲများကို မကာကွယ်နိုင်ကြောင်း ဖော်ပြနေပါတယ်။

Sinovac ကာကွယ်ဆေးကို ထိုင်းလူမျိုးများနဲ့ နိုင်ငံခြားသားများက နက်နက်ရှိုင်းရှိုင်းမထီမဲ့မြင်ပြုခြင်းဟာ တရုတ်ထုတ်ဖြစ်နေခြင်းနဲ့ ၎င်းကိုထောက်ခံဖို့ သိပ္ပံနည်းကျ အစီရင်ခံစာများမရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အမှန်ကတော့ Sinovac ဟာ နိုင်ငံအတွက် ကြီးမားတဲ့ အထောက်အပံ့များရနိုင်တဲ့ တစ်ခုတည်းသော ကာကွယ်ဆေးဖြစ်နေပြီး Delta ဗိုင်းရပ်စ်ကိုလည်း ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.