မြန်မာနိုင်ငံအနာဂါတ်ကို ရိုးသားသည့် နိုင်ငံရေးဖြင့် တည်ဆောက်သွားမည်ဟု ဆို
1017
NP News - ဩဂုတ် ၂
မြန်မာတိုင်းရင်းသားပြည်သူလူထု၏ဆန္ဒနှင့်အညီ မြန်မာ့အနာဂါတ်ကို ရိုးသားသည့်နိုင်ငံရေးဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ဩဂုတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နစကအစိုးရ ၆ လပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူလူထုအားလုံးသည် အဓိကကြသဖြင့် တိုင်းရင်းသားပြည်သူလူထုများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
“ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့အနာဂါတ်ကို မြန်မာတိုင်းရင်းသားပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ တည်ဆောက်နိုင်တဲ့နိုင်ငံတော်ကို ရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော်တို့တည်ဆောက်ကြပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာတည်ထောင်သွားဖို့ ကျွန်တော် ပြောလိုပါတယ်” ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
ယင်းတို့ဘက်မှ အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်ကြေညာထားသော အဖွဲ့အစည်းများမှ အပ မည်သည့်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ထားသည်။
NLD ပါတီဝင်များနှင့် NLD ပါတီ ထောက်ခံသူများအနေဖြင့် ဥပဒေနဲ့အညီ ဖြေရှင်းရန် မလုပ်ဆောင်ခဲ့ဘဲ အကြမ်း ဖက်နည်းလမ်းကိုရွေးချယ်၍ မင်းမဲ့စရိုက်သဖွယ် လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပေါ်လာစေရန် လှုှုံ့ဆော်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောသည်။
၎င်းတို့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA – Nationwide Cease fire Agreement) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏တောင်းဆိုမှုများကို အဓိကထား၍ အခြေခံဆွေးနွေးပြီး ချုပ်ဆိုခဲ့ကြကြောင်းနှင့် တပ်မတော်အနေဖြင့် ယင်းစာချုပ်တွင် လက်မှတ်ရေးထိုး ထား သည့်အတိုင်း ခိုင်မာစွာ ရပ်တည်ကြောင်း အာဏာသိမ်း(၆) လပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
#NPNews