ဝူဟန်ဓာတ်ခွဲခန်းယိုစိမ့်မှုမှ COVID-19 ထွက်ပေါ်လာသလားဆိုတာနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ် နောက်ထပ်မေးခွန်းများရှိလာ

 1512

ရောင်နီ (NP News) - သြဂုတ် ၂
ကမ္ဘာအနှံ့ကို COVID-19 ကူးစက်မှု မဖြစ်ပွားမီ လအနည်းငယ်အလိုက ဝူဟန်မြို့ရှိ ၂ နှစ်ပင် မပြည့်သေးတဲ့ Wuhan National Biosafety Lab ဟာ လေထုသန့်ရှင်းရေးနဲ့ အမှိုက်သန့်စင်ရေး စနစ်များအတွက် အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ဖို့ အဆိုပြုခဲ့ပါတယ်။

ဖွင့်လှစ်တာ မကြာသေးတဲ့ ဓာတ်ခွဲခန်းကို သိသာထင်ရှားတဲ့ ပြုပြင်မွန်းမံမှု ပြုလုပ်ရခြင်းဟာ ပုံမှန်မဟုတ်တဲ့အပြင် လေထုပိုးသတ်ခြင်း၊ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနဲ့ ဗဟိုလေအေးပေးစက် စနစ်များဟာ COVID-19 စတင်မဖြစ်ပွားမီလများအတွင်း မည်မျှကောင်းမွန်စွာ လုပ်ဆောင်ခဲ့သလဲဆိုပြီး အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ရီပတ်ဘလီကန်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဓာတ်ခွဲခန်းရဲ့ ပစ္စည်းဝယ်ယူမှု စာရင်းဇယားအမှန်ကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အပြင် ဘယ်အချိန်ကစတင်ဖွင့်လှစ်ပြီး ဘယ်အချိန်ကတည်းက လည်ပတ်နေတာလဲဆိုတာနဲ့ တရုတ်အစိုးရရဲ့ သံသယဖြစ်ဖွယ် အပြုအမူများနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာများဟာ လပေါင်းများစွာကြာကတည်းက ဖြစ်ပေါ်နေခဲ့ပါတယ်။ ကပ်ရောဂါရဲ့ မူလအစ ထောက်လှမ်းရေးသုံးသပ်ချက်အတွက် သမ္မတဘိုင်ဒမ်ချမှတ်ထားတဲ့ သတ်မှတ်ရက် မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုမှာ ရီပတ်ဘလီကန်များက ကိုဗစ်မျိုးရိုးဗီဇကို အသုံးချနိုင်ခဲ့တဲ့ သက်သေအထောက်အထားများစွာ ပါဝင်တဲ့ SARS-CoV-2 ကို Wuhan Institute og Virology ဓာတ်ခွဲခန်းမှ မတော်တဆထုတ်ပြန်လိုက်မိတဲ့ အသေးစိတ်အချက်အလတ်ကို ထုတ်ဖော်သွားမယ်လို့ သိရပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ ထိပ်တန်းရီပတ်ဘလစ်ကန် R-Texas မှ ကိုယ်စားလှယ် Michael McCaul က ဒီသတင်းကို ၎င်းတို့ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ အပိုဆောင်းအဖြစ် ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လများအတွင်း ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ၊ သိပ္ပံပညာရှင်များနဲ့ အစိုးရအရာရှိများဟာ ဗိုင်းရပ်စ်ပိုးကို သဘာဝအတိုင်း စတင်ခဲ့ခြင်းရှိ၊ မရှိစစ်ဆေးရန်တောင်းဆိုခဲ့ပြီး တရုတ်မှာ ကပ်ရောဂါရဲ့ မူလဇစ်မြစ်ကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တရုတ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါပေမယ့် အမေရိကန်အစိုးရ စုံစမ်းစစ်ဆေးမှု လက်တစ်ဆုပ်စာဟာ ကူးစက်ရောဂါမည်သို့ ဖြစ်ပေါ်လာပုံကို တိကျခိုင်မာသော ဇာတ်ကြောင်းတစ်ခု ပေးနိုင်လိမ့်မယ့်လို့ ယူဆရပါတယ်။ ၂၀၁၉ ခုနှစ် နှောင်းပိုင်းကတည်းက ဝူဟန်မြို့မှာ ကိုဗစ်ဖြစ်ပွားမှုများ ရှိနေခဲ့ကြောင်း ပြသနိုင်တဲ့ သာဓကများစွာဟာ ရီပတ်ဘလီကန် သုတေသီများမှာ ရှိနေပါတယ်။၂၀၁၉ ခုနှစ် အောက်တိုဘာလက ဝူဟန်မြို့မှာ စစ်ရေးပြ အားကစား ပြိုင်ပွဲတွေကို အိုလံပစ်ပြိုင်ပွဲလို ပုံစံတွေနဲ့ အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး စစ်သားထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ နိုင်ငံတကာသတင်းဌာနများက ပုရိသတ်မပါဘဲ အားကစားပွဲများ ကျင်းပခဲ့သည်ဟုဆိုကာ ဝူဟန်ကို“ သရဲတစ္ဆေမြို့” လို့ ရည်ညွှန်းဆိုခဲ့ပါတယ်။ နိုင်ငံအများအပြားမှ အားကစားသမားများဟာ COVID-19 လက္ခဏာများနဲ့ ရောဂါကူးစက်မှုကို လူသိရှင်ကြားမထုတ်ပြန်မီ ၂၀၁၉ ခုနှစ်နိုဝင်ဘာနဲ့ ဒီဇင်ဘာလကတည်းက COVID-19 ကူးစက်မှုများ ရှိနေခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက Wuhan Shirology Institute မှ အကြီးတန်းသိပ္ပံပညာရှင် Shi Zheng li က ကိုဗစ်ဟာ လူမှပြုလုပ်ဖန်တီးခဲ့သလား၊ ပူးပေါင်းကြံစည်ကာ တီထွင်ထုတ်လုပ်ခဲ့သလားဆိုတဲ့ မေးခွန်းတွေကို ဖြေမှာမဟုတ်ကြောင်း၊ SARS-CoV-2 ရဲ့ ဓာတ်ခွဲခန်း ယိုစိမ့်မှု ( သို့ ) သံသယကို အခြေခံတဲ့ အဓိပ္ပယ်မဲ့မေးခွန်းတွေကို ပြန်လည်ဖြေကြားသွားမှာမဟုတ်ကြောင်း၊ ယုံကြည်မှုမရှိရင် စကားပြောစရာလည်း မလိုအပ်ကြောင်း အီးမေးမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Related news

© 2021. All rights reserved.