အာဆီယံမှာ ဘယ်နိုင်ငံမှလိုက်မမီအောင် အင်ဒိုနီးရှားက ကိုဗစ်နဲ့သေဆုံးသူဦးရေ တစ်သိန်းကျော်တဲ့ မှတ်တိုင် ခပ်ကြမ်းကြမ်းစိုက်လိုက်ပြီလို့ ဆို

 1135

မိုးတိမ် (NP News) - သြဂုတ် ၄
အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ်ကူးစက်ခံရပြီး သေဆုံးတဲ့နှုန်းမှာ အာဆီယံဒေသတွင်းနိုင်ငံများအတွက် ဘယ်သူမှလိုက်မမီနိုင်တော့တဲ့ မှတ်တိုင်ကိုခပ်ကြမ်းကြမ်းစိုက်လိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

အထူးသဖြင့် သြဂုတ်လ(၄)ရက်အထိ နောက်ဆုံးစာရင်းတွေအရ အင်ဒိုနီးရှားမှာ ကိုဗစ်ကြောင့်သေဆုံးသူ တစ်သိန်းကျော်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီစာရင်းဟာ အာဆီယံဒေသတွင်းက ဘယ်နိုင်ငံကမှ လိုက်မီမှာမဟုတ်တော့ဘူးလို့လည်း ဆိုပါတယ်။ “ ကိုဗစ်ကြောင့် ကူးစက်သေဆုံးမှုစာရင်းကိစ္စတွေကို အင်ဒိုနီးရှားအနေနဲ့ သေချာပြန်လည်စိစစ်သင့်တယ် ” လို့ Andalas University ရဲ့ ဆေးသုတေသီတစ်ဦးဖြစ်သူ Defriman Djafri က ထောက်ပြသတိပေးလိုက်ပါတယ်။ အထူးသဖြင့် ကိုဗစ်တတိယလှိုင်းမှာ ကူးစက်ပျံ့နှံ့နှုန်းအားအကောင်းဆုံးနဲ့ ထိန်းချုပ်ရအခက်ဆုံးဒေသအဖြစ် မှတ်တမ်းဝင်ထားတာ၊ ကမ္ဘာက သတိပေးကြေညာထားတာ ကြာခဲ့ပြီဖြစ်သလို လက်ရှိမှာတော့ သေဆုံးသူတွေဟာ ကုသချိန်တောင် သေချာစွာမရခဲ့ကြဘူးလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်အထိ အာရှဒေသမှာဆိုရင် အိန္ဒိယရဲ့လူသေဆုံးမှု(၄၂၆၀၀၀)နီးပါးပြီးရင် ဒုတိယအများဆုံးအဖြစ် အင်ဒိုနီးရှားက လူဦးရေ (၁၀၀၆၃၆)ဦး ကိုဗစ်ကြောင့် သေဆုံးထားရပြီလို့ ဆိုပါတယ်။ အာရှမှာပါ ဒုတိယချိတ်နေပြီဖြစ်သလို အာဆီယံထဲမှာတော့ ဒုတိယအများဆုံးအဖြစ် နာမည်ထွက်နေတဲ့ ဖိလစ်ပိုင်မှာတောင် (၂၈၀၀၀)ကျော်ပဲ သေဆုံးထားပါသေးတယ်။ ဒီကိန်းဂဏန်းအရ အင်ဒိုနီးရှားရဲ့သေဆုံးနှုန်းကို အာဆီယံထဲက ဘယ်နိုင်ငံကမှ လိုက်မီတော့မှာမဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။ “ အရေးပေါ်ကုသဖို့လိုနေပြီ ဒါမှမဟုတ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတွေဖြစ်ကုန်ပြီဆိုမှ ဆေးရုံကို ကုသမှုခံယူဖို့ ရောက်လာကြတယ်။ ဆေးရုံရောက်ပြီး သိပ်မကြာဘူးသေဆုံးကုန်တယ်ဆိုတော့ ဆေးရုံကို လာတက်တာက သေဖို့လာသလို ဖြစ်နေတယ် ” ဟု အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာသုသေတီ Masdalina Pane က ပြောပါတယ်။ အထူးသဖြင့် ဆေးလည်းမစစ်၊ ကုသလမှုလည်း အချိန်မီ မခံယူ၊ ကျန်းမာရေးသတိလည်းမရှိဘဲ အိမ်တွင်းပုန်းကျိတ်ကုနေခြင်းမျိုး အင်ဒိုနီးရှားမှာ တစ်ဟုန်ထိုးမြင့်တက်နေ တယ်လို့ သူတို့က ယူဆနေကြပါတယ်။

ကိုဗစ်နဲ့ပတ်သက်တဲ့ သြဂုတ်လ(၄)ရက်အထိ သတင်းတွေအရ အာဆီယံဒေသတွင်းမှာ အင်ဒိုနီးရှားဟာ ကူးစက်ခံရသူ သုံးသန်းခွဲကျော်၊ သေဆုံးသူ တစ်သိန်းကျော်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဖိလစ်ပိုင်ကတော့ ကူးစက်ခံရသူ တစ်သန်းခွဲကျော်၊ သေဆုံးသူ (၂၈၀၀၀)ကျော်နဲ့ ဒုတိယနေရာကနေ လိုက်နေပါတယ်။ သေဆုံးနှုန်းစာရင်းတစ်ခုတည်းအရဆိုရင်တော့ မြန်မာနိုင်ငံဟာ ကူးစက်ခံရသူ(၃)သိန်းကျော်ကနေ သေဆုံးထားသူ (၁၀၀၀၀)ကျော် ရှိနေပြီး တတိယနေရာမှာ ရှိနေပါတယ်။

Related news

© 2021. All rights reserved.