ကိုဗစ်ကာကွယ်ဆေး မထိုးရင် အလုပ်ထုတ်ပစ်ဖို့အထိ အမေရိကန်သားတွေကို ပြစ်ဒဏ်ချဖို့ အမေရိကန်ကုမ္ပဏီတွေ ဆုံးဖြတ်လာကြ
968
ရောင်နီ (NP News) - သြဂုတ် ၇
Wall streets မှ Silicon Valley အထိ (သို့ )သားသတ်ရုံမှ လေကြောင်းလိုင်းများအထိ အမေရိကန် ကုမ္ပဏီများဟာ ၎င်းတို့ရဲ့ဝန်ထမ်းတွေကို Covid-19 ကာကွယ်ဆေး ထိုးပြီးမှသာ လုပ်ငန်းခွင်ပြန်လာကြဖို့ တောင်းဆိုထားပြီး စည်းကမ်းချိုးဖောက်ရင် အလုပ်ထုတ်ပစ်ဖို့အထိ ဆန္ဒရှိတယ်လို့ သိရပါတယ်။
ကျွမ်းကျင်သူများက ၎င်းတို့အနေနဲ့ ယင်းကဲ့သို့ ပြုလုပ်ဖို့ တရားဝင်အခွင့်အာဏာရှိတယ်လို့ ဆိုပေမယ့်လည်း ကော်ပိုရေးရှင်းများကမူ နောက်ပြန်ဆွဲနိုင်တဲ့ နိုင်ငံရေးတုံ့ပြန်မှုကို ကြောက်ရွံ့ခြင်းကြောင့် ယင်းအဆင့်ကို ပြုလုပ်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ သို့သော်လည်း ကုမ္ပဏီလုပ်ငန်းများက ၎င်းတို့ရဲ့ ရုံးတွေကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာတဲ့အချိန်မှာ အမေရိကန်ရဲ့ကာကွယ်ဆေးထိုးနှံမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့်နဲ့ ရပ်တန့်သွားခဲ့ပြီး Delta ကိုဗစ်မျိုးကွဲ ကူးစက်မှုများလည်း မြင့်တက်လာခဲ့ပါတယ်။ United Airlines ရဲ့ ဥက္ကဋ္ဌ Scott Kirby ကတော့ အမေရိကန်အခြေစိုက် ဝန်ထမ်း ၆၇၀၀၀ ကို အောက်တိုဘာလကုန်မှာ ကာကွယ်ဆေးအပြီးထိုးဖို့ သောကြာနေ့က ကြေငြာခဲ့ပြီး အလုပ်မှာ မိမိကျန်းမာရေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျန်းမာရေးအတွက် လူတိုင်းကာကွယ်ဆေးထိုးထားတဲ့အခါ ပိုမိုလုံခြုံမှုရှိကြောင်း ဝန်ထမ်းတွေကို Message ပို့ ပြောကြားခဲ့ပါတယ်။
US Equal Employment Opportunity Commission (EEOC) ရဲ့ အဆိုအရ အလုပ်ရှင်များဟာ ကာကွယ်ဆေးထိုးပြီးမှ ရုံးတက်ဖို့ ၎င်းတို့ဝန်ထမ်းတွေကို တောင်းဆိုပိုင်ခွင့် ရှိတယ်လို့ သိရပြီး စည်းမျဉ်းများကို ရှင်းလင်းစွာချမှတ်ထားမယ်ဆိုရင် စည်းကမ်းမလိုက်နာတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ရာမှာ တရားမျှတနိုင်မယ်လို့ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ ကျန်းမာရေးဥပဒေနဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ပါမောက္ခ Eric Feldman က ဆိုပါတယ်။