သေဒဏ်ချမှတ်ခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၆၅ ဦးအထိရှိလာပြီဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးပါဝင်နေဟု AAPP ထုတ်ပြန်
868
ဟိန်း (NP News) - ဩဂုတ် ၁ဝ
စစ်ကောင်စီ၏ သေဒဏ်ချမှတ်ခြင်းခံရသည် နိုင်ငံရေးအကျဉ်းသား ၆၅ ဦးအထိ ရှိလာပြီဖြစ်ပြီး ယင်းတို့ထဲတွင် အ သက် ၁၈ နှစ်အောက် ကလေးနှစ်ဦးပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ၏ ဩဂုတ်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူစုစုပေါင်း (၅၅၂၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦးသည် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကာ အသက်၁၈ နှစ်အောက်ကလေး နှစ်ဦးအပါ အဝင် ၂၆ ဦးသည် သေဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။ ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရ၍ တိမ်းရှောင်နေသူ (၁၉၈၄) ဦး အနက်မှ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦးရှိသည့်အတွက် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၁ ရက်နေမှ ဩဂုတ်လ ၉ ရက်နေ့ အထိ စစ်ကောင်စီဆန့်ကျင်ရေး(နွေဦးတော်လှန်ရေး) ကာလအ တွင်း ကျဆုံးခဲ့ရသူ (၉၆၂)ဦးရှိခဲ့ပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် လက်ရှိအခြေအနေများအား နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်းနှင့် လွတ်မြောက်လာသူဦးရေ အတိအကျနှင့် အမည်စာရင်းသည် ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews