အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်သူ ၈၄ဝဝကျော်ရှိခဲ့ဟု အိန္ဒိယအစိုးရပြော

 621

ဂျန်ဇက် (NP News)- သြဂုတ် ၁ဝ
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ(၁)ရက်နေ့နောက်ပိုင်း အိန္ဒိယနိုင်ငံထဲကို မြန်မာဘက်ကဝင်ရောက်ခဲ့သည့် ဒုက္ခသည်ပေါင်း ၈၄ဝဝ ကျော်ရှိခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး AjayBhatt ကပြော သည်။

ယခုနှစ်အတွင်းအိန္ဒိယနယ်စပ်ဒေသကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံအတွင်းကို ဝင်ရောက်လာသည့် ဒုက္ခသည်အရေအ တွက်နှင့် ပတ်သက်ပြီး Biju Janata Dal ၏လွှတ်တော်အမတ် Sasmit Patra ၏မေးခွန်းကို တုံ့ပြန်ပြောဆိုရာ တွင် ကာကွယ်ရေးဝန်ကြီး Ajay Bhattက ယခုကဲ့သို့ ထည့်သွင်းဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း Scroll သတင်းဖော်ပြချက်အရသိရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး Ajay Bhatt က" အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံမှာအာဏသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံက လူပေါင်း ၈၄၈၆ ဦး ဝင်ရောက်ခဲ့တယ်။အဲဒီသူတွေထဲက ၅၇၉၆ဦးကို ပြန်ပို့ခဲ့ပြီး ၂၆၉ဝ ဦးက အိန္ဒိယနိုင်ငံထဲကျန်ရှိနေတယ် " ဟုပြောသည်။

လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က ဇူလိုင်လအတွင်း မဏိပူရ၊ မီဇိုရမ် နှင့် Arunachal Pradesh ပြည် နယ်အတွင်းကို မြန်မာနိုင်ငံသားဒုက္ခသည် ၁၆ဝဝဝ ကျော် ဝင်ရောက်နေထိုင်ခဲ့ကြောင်း ဖော်ပြခဲ့ဖူးသည်။ ထို့ပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီးက ယခုနှစ်ပထမခြောက်လအတွင်း အိန္ဒိယ-ပါကစ္စတန်နယ်စပ်ဒေသမှ အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ရန်ကြိုးပမ်းမှုပေါင်း ၃၃ကြိမ်ဖြစ်ပွားခဲ့ပြီး (၁၁) ကြိမ်တွင် လူခြောက်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၂ဝ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ အိန္ဒိယ-ဘင်္ဂလားဒေရှ့်နယ်စပ်တွင်လည်း အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ရန်ကြိုးပမ်းမှုပေါင်း ၄၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၇၄ဝ ဦးဖမ်ဆီးထိန်းသိမ်းခဲ့ကြောင်း ပြောသည်။
#NPNews

Related news

© 2021. All rights reserved.