ရန်ကုန်တွင် ဆန်၊ ဆီနှင့် စားသောက်ကုန် ဈေးနှုန်းများကျအံံ့ ဟု ဗေဒင်ဆရာဆန်ဆန် ရန်ကုန်ဝန်ကြီးချုပ် ပြော

 898

NP News - သြဂုတ် ၁၇
ရန်ကုန်မြို့တွင် ဆန်၊ ဆီ နှင့် စားသောက်ကုန်ဈေးနှုန်းများ ကျရန်အတွက် မည်သည့်ဗေဒင်ဆရာကိုမျှ မေး ရန်မလိုအပ်ဘဲ ဈေးနှုန်းများ ကျကိုကျလိမ့်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးသည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စာ မျက်နှာတွင် ရန်ကုန်၌ အငတ်ဘေး(ဒုဗ္ဘိက္ခန္တရာယ်ကပ်) မကျရောက်စေရကြောင်း အာမခံသည်ဟု ရေးသား ဖော်ပြခဲ့ပြီးနောက် ယင်းသို့ ထပ်မံ၍ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မှာ ဆန်၊ ဆီ၊ ဆေးတွေ ဈေးကျအံ့။ ဘယ်ဗေဒင်ဆရာ ဟောကိန်းမှ မဟုတ်ပါ။ အသင်းအဖွဲ့တွေက ဈေးကားတွေထွက်သလို အများပြည်သူတွေကပါ လက္ကားဆိုင်က ကုန်ပစ္စည်းတွေကိုလွယ်ကူစွာ ဝယ်ယူ ဖြန့်ဖြူးနိုင်ဖို့ အိမ်ဆိုင်တွေ၊ အခွန်လွတ်ဈေးထဲက ဆန်ဆိုင်တွေ၊ အရောင်းကားတွေနဲ့ ရန်ကုန်တိုင်းအတွင်း မြို့ပြကျေးလက်အနှံ့ သက်သာတဲ့ဈေးနှုန်းနဲ့ရောင်းချပေးပါတော့မယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးက အသိပေးထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အစိုးရအဖွဲ့သည် သြဂုတ်လ ၁၅ ရက်က အစိုးရအဖွဲ့ရုံးသို့ ဆန်းစပါးအဖွဲ့ချုပ်၊ ဆန်ကုန် သည်ကြီးများအသင်း၊ ဆီကုန်သည်အသင်း၊ စားဖိုဆောင်သီးနှံအသင်း၊ သစ်သီးဝလံအသင်း၊ သား/ငါး အသင်း၊ ကြက်ဥဒိုင်၊ ကုန်စည်ဒိုင်များ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများကို ဖိတ်ကြားဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်များသို့ ဈေးကားများဖြင့်ရောင်းချပေးသွားမည့်အစီအစဉ်ကို သြဂုတ်လ ၁၆ ရက်မှစတင်၍ ရောင်းချ ပေးနေပြီဖြစ်ပြီး မြို့တော်စည်ပင်များအနေဖြင့် ဈေးကားများကို လိုင်စင်ခွန်ပေးဆောင်ရန် မလိုအပ်ဘဲ မှတ်ပုံတင်
ပေးမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် အများပြည်သူကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်၊ လိုအပ်သည်များအား ဝိုင်းဝန်းပေးကြရန်နှင့် ဝင်ငွေရှာချင်သူများအတွက် Cash for Work အခွင့် အလန်းတစ်ခုဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံဆေးနှင့်ဆေးလုပ်ငန်းရှင်အသင်းမှလည်း သြဂုတ်လ ၈ ရက် မှစတင်၍ စီးပွား/ကူးသန်း ဌာနပိုင် အဆာက်အဦးများတွင် အိမ်သုံးဆေးဝါး လက်လီ/လက်ကားဆိုင်များဖွင့်၍ ရောင်းချပေးရန် ဆောင်ရွက်လျ က်ရှိကြောင်း သိရသည်။ အလုံမြို့နယ်၊ ကမ်းနားလမ်းဆိုင်နှင့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန် ပက်လမ်းထောင်၌ အသင်းဝင်ကုမ္ပဏီများစုပေါင်း၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.