ဒုက္ခသည် စခန်း (၉) ခုတွင် နေထိုင်သော မြန်မာ ဒုက္ခသည်များကို တစ်နှစ်တာ တရားဝင် အလုပ်လုပ်ခွင့် ပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ဆို

310

သုတကျော် (NP News) - အောက်တိုဘာ ၁
ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်သော မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် တစ်နှစ်တာ တရားဝင်အလုပ်လုပ်ခွင့်ပြုမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Anutin Charnvirakul က ပြောကြားသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာန ၏ သတင်းတွင် ဖော်ပြထားသည်။
ယင်းသို့ ပြောကြားခြင်းမှာ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားက ၎င်း၏လုပ်သားများကို ပြန်ခေါ်သည့်အတွက် အလုပ်သမားလိုအပ်ချက်မရှိကြောင်း သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြန်မာဒုက္ခသည်များအား ၎င်းတို့၏ စခန်းများအပြင်ဘက်တွင် တစ်နှစ်တာအလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်ဟု သတင်းတွင် ရေးသားထားသည်။
“ကျွန်တော်တို့နဲ့ ပြဿနာရှိနေတဲ့ နိုင်ငံတစ်ခုကို ထိုင်းမှာ အလုပ်သမား (သို့) လုပ်သားရှားပါးသွားမယ်လို့ မယူဆဖို့ မက်ဆေ့ချ် ပေးပို့လိုက်တာပါ” ဟု ဝန်ကြီးချုပ် Anutin က ကမ္ဘောဒီးယားနိုင်ငံကို တိုက်ရိုက်ရည်ညွှန်း၍ ပြောကြားခဲ့သည်။
အဆိုပါ အလုပ်သမားများသည် တရားဝင် ဖြစ်သောကြောင့် အကာအကွယ်ပေးမည်ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။
ပြည်နယ်လေးခုရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ မြန်မာနိုင်ငံသားများအတွက် အကျုံးဝင်ပြီး ၎င်းတို့သည် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ ပြည်နယ် ၄၃ ခုတွင် အလုပ်လုပ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ စခန်းသုံးခုသည် Tak ပြည်နယ်တွင်ဖြစ်ပြီး၊ လေးခုသည် Mae Hong Son တွင်ဖြစ်ကာ၊ ကျန်စခန်း တစ်ခုစီ မှာ Kanchanaburi နှင့် Ratchaburi တို့တွင် ဖြစ်ပြီး အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ မှတ်ပုံတင်ထားသော ဒုက္ခသည် ၄၂,၆၀၁ ဦး ရှိကြောင်း သတင်းအရ သိရသည်။

Zawgyi Version:
ဒုကၡသည္ စခန္း (၉) ခုတြင္ ေနထိုင္ေသာ ျမန္မာ ဒုကၡသည္မ်ားကို တစ္ႏွစ္တာ တရားဝင္ အလုပ္လုပ္ခြင့္ ေပးမည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ ဆို
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁
ဒုကၡသည္စခန္း ၉ ခုတြင္ ေနထိုင္ေသာ ျမန္မာဒုကၡသည္မ်ားကို ထိုင္းႏိုင္ငံတြင္ တစ္ႏွစ္တာ တရားဝင္အလုပ္လုပ္ခြင့္ျပဳမည္ ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Anutin Charnvirakul က ေျပာၾကားသည္ဟု ဘန္ေကာက္ပို႔စ္ သတင္းဌာန ၏ သတင္းတြင္ ေဖာ္ျပထားသည္။
ယင္းသို႔ ေျပာၾကားျခင္းမွာ ထိုင္းႏိုင္ငံအေနျဖင့္ ကေမာၻဒီးယားက ၎၏လုပ္သားမ်ားကို ျပန္ေခၚသည့္အတြက္ အလုပ္သမားလိုအပ္ခ်က္မရွိေၾကာင္း သတင္းစကား ပါးလိုက္ျခင္း ျဖစ္သည္ဟုလည္း သတင္းတြင္ ေဖာ္ျပထားသည္။
ေအာက္တိုဘာလ ၁ ရက္ေန႔မွစ၍ ျမန္မာဒုကၡသည္မ်ားအား ၎တို႔၏ စခန္းမ်ားအျပင္ဘက္တြင္ တစ္ႏွစ္တာအလုပ္လုပ္ကိုင္ခြင့္ျပဳခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာသည္ဟု သတင္းတြင္ ေရးသားထားသည္။
“ကြၽန္ေတာ္တို႔နဲ႔ ျပႆနာရွိေနတဲ့ ႏိုင္ငံတစ္ခုကို ထိုင္းမွာ အလုပ္သမား (သို႔) လုပ္သားရွားပါးသြားမယ္လို႔ မယူဆဖို႔ မက္ေဆ့ခ်္ ေပးပို႔လိုက္တာပါ” ဟု ဝန္ႀကီးခ်ဳပ္ Anutin က ကေမာၻဒီးယားႏိုင္ငံကို တိုက္႐ိုက္ရည္ၫႊန္း၍ ေျပာၾကားခဲ့သည္။
အဆိုပါ အလုပ္သမားမ်ားသည္ တရားဝင္ ျဖစ္ေသာေၾကာင့္ အကာအကြယ္ေပးမည္ဟုလည္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။
ျပည္နယ္ေလးခုရွိ ျမန္မာဒုကၡသည္စခန္း ၉ ခုမွ ျမန္မာႏိုင္ငံသားမ်ားအတြက္ အက်ဳံးဝင္ၿပီး ၎တို႔သည္ ေျမာက္ပိုင္း၊ အလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမ်ားရွိ ျပည္နယ္ ၄၃ ခုတြင္ အလုပ္လုပ္ႏိုင္ေၾကာင္း ၎က ေျပာၾကားသည္။
အလုပ္သမားဝန္ႀကီးဌာန၏ အဆိုအရ စခန္းသုံးခုသည္ Tak ျပည္နယ္တြင္ျဖစ္ၿပီး၊ ေလးခုသည္ Mae Hong Son တြင္ျဖစ္ကာ၊ က်န္စခန္း တစ္ခုစီ မွာ Kanchanaburi ႏွင့္ Ratchaburi တို႔တြင္ ျဖစ္ၿပီး အလုပ္လုပ္ႏိုင္သည့္ အသက္အ႐ြယ္ရွိ မွတ္ပုံတင္ထားေသာ ဒုကၡသည္ ၄၂,၆၀၁ ဦး ရွိေၾကာင္း သတင္းအရ သိရသည္။