၂ဝ၂ဝ ရွေးကောက်ပွဲ တွေ့ရှိချက်အနှစ်ချုပ်အား ပြည်သူများထံ မကြာမီထုတ်ဖော်ပြသသွားမည်

 1229

ရဲပြည့် (NP News) - သြဂုတ် ၂၄
၂ဝ၂ဝ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ တွေ့ရှိချက်များအား ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်အနှစ်ချုပ်အား မကြာမီအချိန်အတွင်း ပြည်သူများနှင့် နိုင်ငံတော်သို့ ထုတ်ဖော်ပြသသွားမည်ဖြစ် ကြောင်း န.စ.က ဥက္ကဋ္ဌက ပြောသည်။

ရွေးကောက်ပွဲ မဲမသမာမှုကြောင့်သာ နိုင်ငံတော်တာဝန်အား ယူထားရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍အမျိုးမျိုး ပြောဆိုမှုများရှိခဲ့ပြီး ဒီမိုကရေစီနည်းလမ်းအရ စဉ်းစားရန်လိုကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ဝေဖန်ပိုင်ခွင့်ရှိပြီး ခိုင်လုံသည့်အကြောင်းအရာနှင့် အကြောင်းပြချက်များရှိရမည် ဖြစ် ကြောင်း၊ မျက်စိစုံမှိတ်၍ မိမိပြောချင်ရာပြောနေမည်ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရရှိမည်မဟုတ်ကြောင်း သြဂုတ်လ(၂၃)ရက်နေ့ ပြုလုပ်သည့် န.စ.က အစည်းအဝေးတွင် ၎င်းကပြောသည်။

ထို့ပြင် ပါတီအားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ ဆန္ဒအားအလေးထားနိုင်ရန် PR စနစ်ဖြင့် ကျင့်သုံးနိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးချယ်တင်မြှောက်မှု စ နစ်နှင့်ပတ်သက်၍ ပြင်ဆင်ရန်ရှိကြောင်းနှင့် မိမိတို့တာဝန်ယူချိန်ကာလအတွင်း ပြင်ဆင်၍ရသည်များအား အား လုံးတိုင်ပင်ညှိနှိုင်း၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) သည် ဆန္ဒမဲပေးခွင့်ရှိသူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် အများဆန္ဒနှင့်အညီ အတည်ပြုဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါလူများအနက် (၈ဝ) ရာခိုင်နှုန်းခန့်သည် သက်ရှိထင် ရှားရှိနေသူများဖြစ်ပြီး ၎င်းတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန်လိုကြောင်း အစည်းအဝေးတွင် ထည့်သွင်းပြောခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.