၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုတွင် အိုစမာဘင်လာဒင် ပါဝင်ခြင်း ရှိ/ မရှိ

1187

ရောင်နီ (NP News) - သြဂုတ် ၂၇
တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်သည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာနှင့် ပင်တဂွန်စစ်ဌာန ချုပ်ကို လေကြောင်းမှ ပြန်ပေးဆွဲသည့် အထောက်အထားများရှိသော်လည်း စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်း ဖက်တိုက်ခိုက်မှု (၉/၁၁)တွင် ပါဝင်ပတ်သက်မှု မရှိကြောင်း၊ ပါဝင်ခဲ့သည်ဆိုသည့် အထောက်အထားလည်း မရှိကြောင်းပြောကြားခဲ့သည်ဟု FOX News တွင် ဖော်ပြထားသည်။
NBC News တွင် အာဖဂန်နစ္စတန် နိုင်ငံသား Richard Engel နှင့် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid တို့တွေ့ဆုံမေးမြန်းရာတွင် ဘိုင်ဒမ်အစိုးရ၏ တပ်များဆုတ်ခွာပြီးနောက် အာဖဂန်သည် အကြမ်းဖက်ဝါဒ ၏ အခြေခံဖြစ်လာမည်လား ဆိုသည်နှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုကို ၎င်းကတုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အိုစမာဘင်လာဒင်သည် အမေရိကန်များအတွက် ပြဿနာဖြစ်လာပြီးနောက် အာဖဂန်မြေကို မည်သည့်နိုင်ငံကိုမှ ပေးမသုံးတော့ဟု ကတိပေးထားကြောင်း၊ ၂ဝဝ၁ ခုနှစ်စက်တင်ဘာလ (၁၁) တိုက်ခိုက်မှုတွင် ဘင်လာဒင် ပါဝင်ခဲ့သည်ဆိုသည့် အထောက်အထား မရှိကြောင်း၊ စစ်ပွဲအနှစ် ၂ဝ ကြာသွားချိန်တွင်ပင် အထောက်အထားမတွေ့ရကြောင်း Mujahid က ပြောကြားခဲ့သည်။ "စစ်ပွဲအတွက် အကြောင်းပြချက်မရှိခဲ့ပါဘူး၊ ဒါဟာ စစ်ပွဲရဲ့ ဆင်ခြေတစ်ခုပါ "ဟု ၎င်းကပြောသည်။
၂ဝဝ၄ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် သတင်းတစ်ခုတွင် ဘင်လာဒင်က ၎င်းသည်စက်တင်ဘာလ (၁၁) ရက်တိုက်ခိုက်မှုတွင် ပြန်ပေးသမား (၁၉) ဦးကို အမေရိကန် စီးပွားရေးလေယာဉ်လေးစင်းအား တိုက်ယူရန်၊ နယူးယောက်မြို့ပင်တဂွန်စစ်ဌာနချုပ်ရှိ World Trade Center တာဝါတိုင်များထဲသို့ ဝင်တိုက်ရန် အမိန့်ပေးခဲ့ကြောင်း၊ စတုတ္ထမြောက် ဂျက်လေယာဉ်များက ခရီးသည်တစ်ဦး၏ ပုန်ကန်မှုကြောင့် ပင်ဆဲလ်ဘေးနီးယားရှိ လယ်ကွင်းထဲတွင် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။
၂ဝဝ၁ ခုနှစ်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်သည် အာဖဂန်နစ္စတန်ကို လက်နက်ကိုင်ကျူးကျော်ဝင်ရောက်ကာ ဗုံးကျဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်ခေါင်းဆောင်ကို ပါကစ္စတန်တွင် ၂ဝ၁၁ ခုနှစ် မေလ (၁) ရက်နေ့က သတ်ဖြတ်ခဲ့သည်။
၂ဝဝ၁ ခုနှစ် နွေရာသီတုန်းက နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေစဉ် အာဖဂန်နစ္စတန်ရှိ အယ်လ်ကိုင်ဒါ ခေါင်း ဆောင်များ ရှေ့ဆက်ရန်ရှိမရှိနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ တာလီဘန်အကြီးအ ကဲ Mullah Omar သည် အမေရိကန်၏ တိုက်ခိုက်မှုကို ဆန့်ကျင်ခဲ့ကြောင်း အထက်တန်း အရာရှိအတော်များများ ၏ ဆန့်ကျင်မှုကို ရင်ဆိုင်ရသော်လည်း ဘင်လာဒင်သည် ၎င်းတို့၏ ကန့်ကွက်မှုများကို ထိထိရောက်ရောက် ချေ မှုန်းခဲ့ပြီး တိုက်ခိုက်မှုများကို ရှေ့ဆက်ခဲ့ကြောင်း၊ အဆိုပါနိုင်ငံရေးနှင့်အတွေးအခေါ် အခြေခံအုတ်မြစ်ပေါ်တွင် ဘင်လာဒင်သည် ဆယ်စုနှစ်တစ်ခု အတွင်း တက်ကြွသည့် အဖွဲ့အစည်းတစ်ခုကိုတည်ဆောက်ခဲ့ကြောင်း၊ ၎င်းသည် အာဖဂန်နစ္စတန်တွင် အခြေခံ အဆောက်အဦးများ၊ ခရီးသွား ဆွဲဆောင်မှုများ၊ လေ့ကျင့်မှုများနှင့် စုဆောင်းမှုများကို အသုံးချနိုင်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် အဲလ်ကိုင်းဒါ စွမ်းရည် သရုပ်ပြမှုတိုင်းအတွက် စိတ်အားထက်သန်စွာဖြင့် ငွေသစ်များ စုဆောင်းနိုင်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ၏ သိမ်းပိုက်မှုကြောင့် နိုင်ငံမှထွက် ပြေးတိမ်းရှောင်နေသူများရှိပြီး ဘိုင်ဒမ်က ၎င်းတို့၏ အမေရိကန်တပ်များကို သြဂုတ်လကုန် နောက်ဆုံးနေ့ထား ထွက်ခွာသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် ကျွန်တော်တို့အတွက် အပျော်ရွှင်ရဆုံး အချိန်များဖြစ်ကြောင်း Mujahid က ပြောခဲ့သည်။
#NPNews