ကမ္ဘာ့မြောက်ဖျားစွန်းမှာ ကျွန်းသစ်တစ်ခု ပေါ်ထွက်လာ

 1887

ရောင်နီ (NP News) - သြဂုတ် ၂၉
မကြာမီ ပင်လယ်ရေ လွှမ်မိုးခံရတော့မယ့် Greenland မြောက်ပိုင်းမှာ ကမ္ဘာ့မြောက်ဖျားစွန်းမြေထုလို့ ယူဆရတဲ့ အရာတစ်ခုကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဒိန်းမတ်နဲ့ နော်ဝေးတို့ဟာ ရေခဲတွေ အရည်ပျော်ကျလာတဲ့ မြောက်ဝင်ရိုးစွန်းဒေသ ကို် ကာကွယ်ဖို့အတွက် မြောက်ဝင်ရိုးစွန်းမှ ကီလိုမီတာ ၇ဝဝ ခန့်နဲ့ အနီးပတ်ဝန်းကျင်ရှိ ပင်လယ် ကြမ်းပြင်တွေမှာ ငါးဖမ်းခြင်း၊ ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းများကို ထိန်းချုပ်ခြင်းတွေပြုလုပ်လာကြစဉ်မှာပဲ အဆိုပါ ကျွန်းသစ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျွန်းသစ်ဟာ တမင်ရှာဖွေခြင်းကြောင့်မဟုတ်ဘဲ မထင်မှတ်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို ၁၉၇၈ ခုနှစ်က ဒိန်းမက်တို့ ရှာဖွေတွေ့ရှိခဲ့တဲ့ Oodaaq ကျွန်းဖြစ်မယ်လို့ အစောပိုင်းက ယူဆခဲ့ကြပေမယ့် နောက်ပိုင်း နေရာ အတိအကျကို စစ်ဆေးကြည့်ရာမှာတော့ နောက်ထပ် အနောက်မြောက်ဘက် ၇၈ဝ မီတာအကွာမှ ကျွန်းသစ်ဖြစ်ကြောင်း သဘောပေါက်ခဲ့ကြတာပါ။

အကြမ်းဖျင်းအားဖြင့် မီတာ ၃ဝ သာ ရှည်လျားပြီး ၃ မီတာခန့်မြင့်တဲ့ ကျွန်းငယ်မှာ ရေခဲမြစ်စီးဆင်းမှုကြောင့် ကျန်ရစ်ခဲ့တဲ့ ကျောက်စရစ်ခဲနဲ့ မြေဆီလွှာတွေကို တွေ့ရပြီး ၎င်းကို Greenland ရဲ့ မြောက်ဘက်အစွန်ဆုံး ကျွန်း(Qeqertaq Avannarleq) လို့ အမည်ပေးခဲ့ကြပါတယ်။ အဆိုပါတွေ့ရှိမှုကို ဒိန်းမတ်သတင်းစာ Weekendavisen မှာ သြဂုတ်လ ၂၇ ရက် အစောပိုင်းက ပထမဆုံး အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.