COVID-19 လူနာ (၅ဝဝ) လက်ခံကုသပေးမည့် သုဝဏ္ဏကိုဗစ်ကုသရေးစင်တာ စတင်ဖွင့်လှစ်

 873

Photo: Oak Ta Chat Thal Ta Pwint Foundation

NP News - စက်တင်ဘာ ၃
COVID-19 လူနာ (၅ဝဝ) လက်ခံကုသပေးမည့် သုဝဏ္ဏကိုဗစ်ကုသရေးစင်တာကို ယနေ့ (စက်တင်ဘာလ ၃ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး “အုတ်တစ်ချပ် သဲတစ်ပွင့်’’ ဖောင်ဒေးရှင်းမှဦးစီးဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

Phase 1(ပထမအဆင့်) တွင် လူနာ (၂ဝဝ) ကို ကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး Phase 2 ( ဒုတိယအ ဆင့်)တွင် လူနာ (၃ဝဝ)ကိုလက်ခံကုသပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ Phase 1 လူနာ (၂ဝဝ) စာအ တွက် လိုအပ်သော Oxygen ကို Oxygen Concentrator များ၊ Oxygen Cylinder အိုးများ လုံလောက်စွာ စီစဉ်ဆောင်ရွက်ထားပြီး Phase 2 တွင်ပါဝင်မည့် HDU အတွက် Oxygen Pipeline များ တပ်ဆင်ဆောင်ရွက်ထားကာ လိုအပ်သည့် Oxygen ကိုလဲ Oxygen Plant တပ်ဆင်ကာ စီမံထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် ကုသရေးစင်တာတွင် လိုအပ်သော ဆေးဝါးများ ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ဓာတ်မှန်ရိုက်ကူးမှုများအား (အခမဲ့) ရရှိအောင် စီမံထားပေးမည်ဖြစ်ပြီး ဆရာဝန်၊ သူနာပြုအင်အားလည်း ပြည့်စုံစွာ ထားရှိပေးထားမည်ဖြစ် ကြောင်း သိရသည်။ တက်ရောက်ကုသမည့် လူနာများအတွက် အာဟာရပိုင်းဆိုင်ရာ လိုအပ်ချက်များကို လူနာများ၏ လိုအပ်ချက်အတိုင်း ရိုးရာစားသောက်ဆိုင်မှ Nutritionist နှင့် တွက်ချက်ကာ စီစဉ်ဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.