သင်ဇာဝင့်ကျော်က အချိန်တစ်ရက်သာ ပေးတော့မယ်လို့ ပြောလာ

 3365

အိဖြူ(NP News) - စက်တင်ဘာ ၃
သင်ဇာဝင့်ကျော်က သူမအား လူမှုကွန်ရက်ကနေတဆင့် စော်ကားရေးသားခဲ့သူနှစ်ယောက်မှာ အောင်ကိုကို ဆိုသူက တရားဝင် တောင်းပန်လာပြီဖြစ်တာကြောင့် ကျေအေးပေးလိုက်ပြီဖြစ်ကြောင်းနဲ့ တောင်းပန်ဖို့ ကျန်နေသေးတဲ့ အမျိုးသမီးကို အချိန်တစ်ရက်သာ စောင့်ဆိုင်းပေးတော့မှာဖြစ်တဲ့အတွက် အမြန်ဆုံးတောင်းပန်ဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သြဂုတ် (၃၁) ရက် ညပိုင်းက လူမှုကွန်ရက်မှတဆင့် သူရဲ့ခံစားချက်အချို့ကိုရေးသား ပိုစ့် တင်ခဲ့ရာ အောင်ကိုကို နဲ့ Suwaimoe Suwaimoe အကောင့်ပိုင်ရှင်တို့က သူမရဲ့ဂုဏ်သိက္ခာကို စော်ကားတဲ့ စာသားတွေ ရေးသားခဲ့ကြတာဖြစ်ပါတယ်။

“Aung ko ko ကတော့ တောင်းပန်လို့ ကျေအေးလိုက်ပြီ။ ပြောရဲသလို ကိုယ့်အမှားကိုသိလို့ တောင်းပန်ရဲတာ လည်း လေးစားတယ်။ နောက်တစ်ယောက်ကတော့ မတောင်းပန်သေးဘူးနော်။ Profile pic change လိုက်လဲ ညီမ account link အစ်မ ယူထားတယ်နော်။ ဒီတရက်ပဲ စောင့်မယ်။ ဒီ post ရဲ့ comment အောက်မှာ အမြန် လာတောင်းပန်လိုက်၊ မတောင်းပန်ရင်တော့ အဆိုးမဆိုနဲ့တော့။ မိန်းကလေးလည်း နားမလည်ဘူး” လို့ သင်ဇာဝင့်ကျော်က လူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

သူမရဲ့နာမည်ဂုဏ်သိက္ခာကို စော်ကားရေးသားခဲ့တဲ့ သူနှစ်ယောက်ကို ၆၆(ဃ) နဲ့ တရားစွဲဆို အမှုဖွင့်ဖို့ ပြင်ဆင်သွားမှာဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က အသိပေးခဲ့တာဖြစ်ပြီး၊ ၎င်းတို့အနေနဲ့ သူ့အား တရားဝင်တောင်းပန်မှသာ ခွင့်လွှတ်မှာဖြစ်ကြောင်း သတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
#NPNews

Related news

© 2021. All rights reserved.